တစ်ပြစ်ကနေနှစ်ပြစ်တိုးသွားတဲ့ ကျန်းဟောင့်ကို သူက ဒီအတိုင်းလွှတ်ထားပေးမှာ မဟုတ်ပါပေမယ့် သူ့ကျော့ကွင်းဆီကို မဖိတ်ခေါ်ရသေးပါဘဲနဲ့ သားကောင်လေးက အလိုလိုတိုးဝင်လာလေ၏ ။
သူ စိတ်ဝင်စားဟန်မပြဘဲ စားပွဲပေါ်က Laptop ဆီပဲ အကြည့်ပို့ထားတော့ အာရုံထဲ တိုးဝင်လာသည်က နီးကပ်လွန်းတဲ့ အထိအတွေ့တစ်ခု။
ထို့နောက် သူ့ဘေးနား နီးသထက်နီးအောင် တိုးဝှေ့ရင်း သူ့လက်တစ်ဖက်ကို အလုပ်လုပ်လို့မရအောင် တားဆီးလာလေ၏ ။"ကျန်းဟောင့်...ဖယ်...ငါ အလုပ်လုပ်နေတယ်လေ"
"ဟင့်အင်း"
"မင်း..ကလေးလား ပွတ်သီးပွတ်သပ်နဲ့"
"အွန်း.."
"ဘာအွန်းလဲ...ငါ အလုပ်လုပ်နေတာ သွားတော့"
"မသွားဘူး...ငါ အိပ်လို့မပျော်လို့"
ဆက်ပြီး တိုးကပ်နေသူကို ဆက်ပြီး လျစ်လျူရှူချင်ဟန်ဆောင်လိုက်တော့ တစ်ဖက်က သူ့ခါးတွေထိ သိမ်းကျူံးဖတ်တွယ်ကာ သူ့ရင်ခွင်ထဲကို ခေါင်းတိုးဝင်လာ၏ ။
"တကယ်တော့...ဟျောင်းနဲ့ငါက ဒီတိုင်းမိတ်ဆွေဆက်ဆံရေးမျိုးပါ..တကယ်တမ်း ဟျောင်းစိတ်ထဲရှိနေတဲ့သူက ရစ်ခီလေ...ပြီးတော့ စာသင်သွားရတဲ့ အိမ်ကလည်း ဟျောင်းညီလေးမှန်းတကယ်မသိခဲ့တာပါ..ဟျောင်းက ထမင်းဖိတ်ကျွေးတော့ အရမ်းကြီးငြင်းရင် မသင့်တော်တာမို့..."
စကားသံတို့ စက္ကန့်ပိုင်းမျှ ရပ်သွားရပေမယ့် ခေါင်းလေးကိုတော့ သူ့ရင်ခွင်ထဲ တိုးဝှေ့ထားဆဲ။
သူ့ခါးလေးကို ဖတ်တွယ်ထားတဲ့ ကျန်းဟောင့်လက်တွေကတော့ အနည်းငယ် ပြေလျော့လာကာ သူ့အင်္ကျီစလေးကိုသာ ခပ်တင်းတင်းဆုပ်ကိုင်လာ၏ ။"ပြီးတော့ ဟျောင်းက အိမ်မှာလဲ သိပ်မနေဘူးဆိုတော့ တွေ့စရာ အကြောင်းမရှိတော့တာမလို့ ဒီတစ်ကြိမ်ကို လက်ခံလိုက်တာ....မင်းကို ပြောရင်လည်း မင်းက ခွင့်ပြုမှာမဟုတ်ဘူးလေ"
"ကျန်းဟောင့်... ခု မင်းက ငါကို အပြစ်တင်နေတာလား.?"
"အဲလို မဟုတ်ပါဘူး"
"ဒါဆို ဘယ်လိုလဲ"
"ဟို ငါက မင်းစိတ်ရှင်းစေချင်လို့ ရှင်းပြနေတာကို.. "