မနေ့က ဆောင်းဟန်ဘင်းကို စိတ်ဆိုးပြီး ဘယ်လိုလုပ်ကျန်းဟောင့် ဆောင်းဟန်ဘင်းရင်ခွင်ထဲ ရောက်သွားပြီး အိပ်ပျော်သွားမှန်းမသိ။
ပြီးတော့ ခရီးပန်းလာတာရော စိတ်တိုနေတာရော ပေါင်းပြီး မနက်ကျ နေမြင့်တဲ့ထိ အိပ်နေမိသည့်သူက ဆောင်းဟန်ဘင်းအလုပ်သွားတာလည်း မသိလိုက်။
ဒါပေမဲ့ အိပ်မက်လိုလို ဝိုးတဝါးပုံရိပ်ထဲမှာတော့ သူ့ပါးအိအိလေးတွေကို တတိတိလာကိုက်နေသည့် ကြောင်ပေါက်လေးတစ်ကောင်ကြောင့်တော့ အနှောင့်အယှက်ဖြစ်ရပါသေး၏ ။
အရမ်းအိပ်ချင်နေတာမို့ စောင်ပုံထဲက လက်ကလေးထုတ်ပြီး ပုတ်ထုတ်ဟန်ပြင်လိုက်ပေမယ့်လည်း ချစ်စရာကောင်းလောက်အောင် အတင်းရင်ခွင်ထဲ တိုးဝှေ့ပွတ်သပ်နေတာမို့ ခဏတာ ကြည်ဖြူ ပေးလိုက်တော့ ထိုအနှီ ကြောင်ပေါက်လေးက ရင်ခွင်ထဲကနေ လည်တိုင်တွေထိ ကျူးကျော်ကိုက်ခဲလာ၏ ။စပ်ဖျင်းဖျင်းနာကျင်မှုလေးက အရမ်းကိုမှ လက်တွေ့ဆန်နေသလို ပခုံးစွန်းလေးတွေအထိ စိုစွတ်စွတ်အထိအတွေ့က ဦးတည်လာပြီမို့ လက်ကလေးနှစ်ဖက်နှင့် ကြောင်ပေါက်လေးကို တွန်းဖယ်လိုက်ပေမယ့်လည်း သူကပဲ အိပ်မက်ထဲမှာမို့ အားမရှိတာလားမသိ။
ကြောင်ကလေးကိုတောင် မတွန်းဖယ်နိုင်။
ထိုနောက် ကြောင်ကလေးရဲ့ခေါင်းလုံးလုံးလေးက လည်တိုင်ကြား ပိုပြီးခိုတိုးဝင်နေသလို လက်သည်းလေးတွေကလည်း ရင်ဘတ်တစ်နေရာကို တတိတိနှင့်လာကုတ်နေတာမို့ တလှိုက်လှိုက်နဲ့ ဆန်တတ်လာတဲ့ ခံစားချက်က ဘယ်လိုကြီးမှန်း ခေါင်းစဥ်ပင် မတတ်,တတ်တော့။
တဖြည်းဖြည်း ရဲတင်းလာတဲ့ ဒီကြောင်ကလေးကို ကျန်းဟောင့် ခုခံဖို့ အားမရှိတော့ပဲ အရှုံးပေးရကာ ဒီကြောင်ကလေးပြုသမျှနုနေရတော့သည်။
ဒါပေမယ့် ခဏကြာမှာတော့ ကြောင်ကလေးက သူကိုက်ခဲထားတဲ့ နေရာလေးတွေကို လျှာလေးနဲ့သပ်ပြီး ခပ်ဖွဖွလေးတို့ထိပြီး ဖိကပ်ပေးနေတော့ သည်လိုမထိတထိအထိအတွေ့လေးတွေမှာ ကျန်းဟောင့် နာကျင်မှုကိုမေ့ပြီး ကျန်တာဘာမှမသိတော့ပဲ အိပ်မက်လိုလိုလို ဘာလိုလို ဝိုးတဝါးပုံရိပ်က အဆုံးသတ်သွားတော့၏ ။သည်လိုဆန်းကြယ်တဲ့ အိပ်မက်ကြောင့် ဝုန်းခနဲ အိပ်ယာကနိုးနိုးခြင်း အပြေးအလွှားမှန်ထကြည့်မိတော့ ထူးထူးဆန်းဆန်း ပခုံးမှာရော ရင်ဘတ်မှာပါ ကြောင်ကိုက်ရာလေးတွေ။
အံ့သြမှုကြောင့် မျက်လုံးတွေက ဝိုင်းစက်သွားရတော့သည်။