"ဟျောင်း...ဆိုးလ်ကို နောက်အပတ်သွားမလို့ဆို... ဘယ်လောက်အရေးကြီးလို့ ဒီကအလုပ်တွေကို အရမ်းလက်စသတ်နေရတာလဲ ?"
"တွေ့ရမယ့်သူ တစ်ယောက်ရှိလို့"
"ဘယ်သူလဲ.?..ဟောင့်ကောလား.?"
"ဟောင့်ကော ??"
နားမလည်သည့် အသစ်အဆန်းတစ်ခုခုကို ကြားလိုက်ရသလို မျက်ခုံးတွေစုကျုံ့ပြီး သူ့ကိုပင် ပြန်စူးစမ်းသလို စိုက်ကြည့်နေတာမို့လို့ ရစ်ခီကပင် ဟန်ဘင်းဟျောင်းကို တစ်ဖန်ပြန်အံသြသွားရသည်။
ပြီးမှ ပြန်အမှတ်ရမိသည်က သူပင် ဟန်ဘင်းဟျောင်း သူ့ကိုမှတ်မိလာအောင် မနည်းပြန်ပြီးသေချာပြောပြထားရသည်မလား။
သူနဲ့ ဟျောင်းက ခင်မင်ခဲ့သည့်သက်တမ်းတစ်နှစ်လောက်သာရှိသေးသည်မို့ သတိရလာကာစမှာ သူ့ကို မေ့ပြီး မမှတ်မိသည်က ဖြစ်နိုင်လောက်သည်ဆိုတော့ မနေ့တစ်နေ့ကမှ တွေ့တဲ့ ဟောင့်ကောကို သတိမရတော့တာ သိပ်အထူးအထွေတော့မဟုတ်။နောက်ပြီး ဟောင့်ကောကလည်း နဂိုကတည်းကမှ ဟျောင်းဘက်ကပဲ ဆွဲထားတဲ့ ကြိုးစလေးသာဆိုတော့ ဒီအချိန်မှာ အဆက်အသွယ်မရှိတော့များလား ??
ဒါပေမယ့် ဟောင့်ကောကို အရမ်းချစ်ပြီး မျက်စိအောက်က အပျောက်မခံခဲ့တဲ့ ဟျောင်းက ခုလို ရက်ပိုင်းအတွင်း ပစ်ပစ်ခါခါကြီး ဟောင့်ကောကို မေ့သွားသည်ကလည်း လုံးဝအံသြစရာတော့ကောင်း၏ ။ဆိုးလ်မှာတုန်းက သူ LA ကို ပြန်သွားခိုက် ဟျောင်း Accident ဖြစ်တယ် သတင်းကြားတော့ သူ အတော်လေးထိတ်လန့်သွားရပြီး သတင်းကြားရချင်း လိုက်သွားတော့ ပြင်ပဒဏ်ရာ အထိအခိုက်မရှိပေမယ့် ရုတ်တရက် Shock ဖြစ်သွားတဲ့ အခြေအနေကြောင့် ဟျောင်းက ဆေးရုံမှာ နှစ်ရက်လောက် မေ့မျောနေခဲ့၏ ။
အဲ့ဒီအချိန်ထဲက ဟျောင်းအခြေအနေက စိုးရိမ်စရာအခြေအနေမဟုတ်ပေမယ့် ဘေးနားမှာ ဂန်လီနာနဲ့ ဟျောင်းမာမီကလွဲလို့ ဟောင့်ကောကိုမမြင်မိ။
ဒါပေမယ့် ဆေးရုံမှာဆိုတာရော ဟျောင်းက သတိမရသေးတာရောကြောင့် သူ ကျန်တာတွေ သတိမထားမိတော့တာဖြစ်သည်။
နောက်ကျတော့ သတိရလာကာစ ဟျောင်းကို ဟျောင်းမာမီက ရုတ်ခြည်းဆေးရုံက ဆင်းစေကာ LAကို ခေါ်သွားတာမို့ သူ့မှာ ဆိုးလ်ရုံးချုပ်မှာပဲ ကျန်နေခဲ့ရကာ နောက်တလလောက်နေမှပဲ အလုပ်တွေ လက်စဖြတ်ပြီး ဟျောင်းဆီ ခု လိုက်လာခဲ့ရတာပဲဖြစ်သည်။