"ကင်မ်ဂျီအွန်းကို အဲ့လောက်တောင် သဘောကျတာလား!!"
"မင်းဘာဖြစ်နေတာလဲ ဆောင်းဟန်ဘင်း"
"ငါ မေးတာဖြေ!!"
"......"
"ကျန်း ဟောင့်!!!"
ရုတ်တရက် ဂျောင်ပိတ်မေးတဲ့ မေးခွန်းလို ဆောင်းဟန်ဘင်းရဲ့ ခက်ထန်နေတဲ့ အကြည့်နဲ့ အပြောအောက်မှာ ကျန်းဟောင့်ဘယ်လိုဖြေမှ ဆောင်းဟန်ဘင်း စိတ်ကျေနပ်တဲ့ အဖြေရလောက်မလဲလို့ မဆီမဆိုင် အပြေးအလွှားတွေးမိနေသေး၏ ။
ခုလည်း ကျန်းဟောင့်ကို ဂျီအွန်းဟျောင်းရှေ့မှာ သူ့စိတ်ကြိုက် ဒရွတ်တိုက်မတတ် လူကို ဆွဲခေါ်လာပြီးပြီလေ။
ဘာလို့ ဒီမေးခွန်းတွေ ထပ်မေးနေရတာလဲ.?
ကျန်းဟောင့်မှာတော့ ဂျီအွန်းဟျောင်းဆီက ခင်မင်မှုကိုရဖို့ တော်တော်ကို ကြိုးပမ်းလိုက်ရသည်။
အရာရာတော်ပြီး စမတ်ကျလွန်းတဲ့ ဂျီအွန်းဟျောင်းကို ကျန်းဟောင့် အားကျ၏ ။
စာလည်းတော် အားကစားဆိုလည်း လာထား..
ဒီကြားထဲ ကျန်းဟောင့် အနှစ်သက်ဆုံးက Piano တီးတတ်သည့် ဂျီအွန်းဟျောင်းပင်။
Piano တီးနေသည့် ဂျီအွန်းဟျောင်းက ဆွဲဆောင်မှုရှိလွန်းလို့ ထို Practice room မှာ ဂျီအွန်းဟျောင်းနား ဝဲနေသည့် လူတွေမှ အပြည့်။
ထိုလူတွေထဲမှာ ကျန်းဟောင့်ရောဆိုပေမယ့် ရည်ရွယ်ချက်ချင်းတော့ မတူညီ။သူ Piano တီးတတ်ချင်သည်။
ဂျီအွန်းဟျောင်းရဲ့ လက်ချောင်းသွယ်သွယ်လေးတွေ ပြေးလွှားနေတဲ့နေရာမှာ သူ့လက်ချောင်းလေးတွေ လှပစွာနေရာယူချင်သည်။အချိန်ပြည့် စိုးမိုးနေတဲ့ အတွေးက တစ်ဆင့်တတ်ပြီး ဂျီအွန်းဟျောင်းနား သတိမထားမိခင်မှာတင် သူ့အလိုလို ချဥ်းကပ်မိ၏ ။
ဒါပေမယ့် ခုတော့ အဲ့အရာတွေအကုန် သဲထဲရေသွန်။"ကျစ်! ဆောင်းဟန်ဘင်း... ဖယ်တော့ ပြန်တော့မယ်..အရမ်းစိတ်ရှုပ်စရာကောင်းတာပဲ"
"ဘာ!! ကျန်းဟောင့်.. မင်းက ငါ့ကို စိတ်ရှုပ်တယ်ပေါ့လေ ဟုတ်လား!!"
ရန်ထပ်ဖြစ်ရမှာစိုး၍ ဘာမှ မတုန့်ပြန်ချင်တော့လို့ ဆောင်းဟန်ဘင်းကို ကျောခိုင်းလိုက်တော့ နောက်ကျောကနေ တောက်ခေါက်သံ ခပ်ပြင်းပြင်းတစ်ချက်ကို ကြားလိုက်ရသည်။
ပြန်လှည့်ကြည့်လိုက်တော့ ကျန်းဟောင့်ကို ဝါးစားမတတ် မီးဝင်းဝင်းတောက်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ ဆောင်းဟန်ဘင်း။