သုံးနှစ်ကြာပြီးနောက်_
-
"တစ်ခွက်လောက် ထပ်သောက်ဦးမလား ဟာအိုဟျောင်း"
"ဟင့်အင်း တော်ပြီ.. ငါမရတော့ဘူး ဂယူဗင်း"
"ထယ်ရယ်တို့ကို သွားခေါ်လိုက်ဦးမယ် ဒီမှာ ခဏစောင့်နေနော်"
"ရတယ် သွား..သွား..ဟျောင်း..ကားပါကင်ကစောင့်နေမယ်"
"ဒီကပဲ စောင့်ပါ..ဟျောင်းကို စိတ်မချဘူး"
"ရပါတယ်ဆို..ဒီထဲမှာက ဆူလို့ ကားထဲကစောင့်နေမယ်..အေးဆေးလာခဲ့"
အနည်းငယ်ရီဝေဝေဖြစ်နေပေမယ့် အသိစိတ်လွတ်ရအောင်ထိလည်း မူးမနေ။
ခုဟာက သူ့လစ်မစ်ကို ပိစိလေးကျော်လွန်သွားလို့သာ အနည်းငယ်ဟန်ပျက်နေခြင်းဖြစ်၏ ။
အစက ကိုယ့်ဘာသာ ကားမောင်းလာတာပေမယ့် သူ့ကိုစိတ်မချသည့် ဂယူဗင်းက ဒီတိုင်းပြန်မလွှတ်။
လိုက်ပို့မည်ဆိုကာ အတူတူလာသည့် ယူဂျင်းနဲ့ ထယ်ရယ်ကို သွားခေါ်နေတာမို့ အထဲမှာမနေချင်တာနဲ့ ယိုင်တိုင်တိုင် အပြင်ကို တစ်ယောက်တည်းထွက်လာခြင်းရယ်သာ။ဆူညံသံတွေ ကင်းဝေးပြီး အနားမှာ ဘယ်သူမှ မရှိတဲ့ ကားပါကင်မှာ အေးအေးဆေးဆေးလေးလျှောက်နေပေမယ့် ခြေထောက်တွေက သူ့အလိုကိုမလိုက်။
တစ်ချက်တစ်ချက် ယိုင်နဲ့သွားရသည်။ရုတ်တရက် လှုပ်စိလှုပ်စိလျှောက်နေတဲ့ သူ့ကိုယ်လေးကို နောက်ကနေ အားကြီးနဲ့ဝင်တိုက်ပစ်တာမို့ ပစ်လဲတော့မတတ်သူ့ခန္ဓာကိုယ်လေးကို တိုက်မိသူက တစ်ဖန်လဲမကျသွားအောင် ထိန်းပေးထားတော့ တစ်ဖက်သူရဲ့ ရင်ခွင်ထဲခြေထောက်တွေက အားမရှိစွာ ပျော့ခွေသွား၏ ။
ခြေမခိုင်သေးတဲ့ သူ့ခန္ဓာကိုယ်လေးက တစ်ဖက်လူရင်ခွင်ထဲက ရုန်းထွက်ဖို့မစွမ်းသာသေး။
ကဗျာကယာအသိစိတ်ကပ်ပြီး ခပ်မတ်မတ်ကိုယ်ကို ပြင်ပြီးရပ်လိုက်မှ တစ်ဖက်လူရဲ့ မျက်နှာကို သေချာသတိပြုမိ၏ ။နဖူးပေါ်ဝဲနေတဲ့ ဆံနွယ်လေးတွေကို ကျန်းဟောင့် သပ်တင်ပြီး
သူ့မျက်ဝန်းလေးတွေကို သတိမပြုမိခင်မှာပဲ အထပ်ထပ်လက်ချောင်းလေးတွေနဲ့ ပွတ်သပ်နေမိသော်လည်း မျက်ဝန်းရှေ့က မြင်နေရတဲ့ မျက်နှာက ပျောက်ပျက်မသွား။