14

1K 104 10
                                    

ဆေးခန်းက လူးဆေးလိမ်းပြီး ပတ်တီးလေးစည်းကာ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာတဲ့ ယူဂျင်းကို ဧည့်ခန်းထဲက ထိုင်ခုံပေါ် သေချာလေးနေရာချထားအပြီးမှာ လူလည်း ခြေကုန်လက်ပန်းကျနေပြီဖြစ်၏ ။
ယူဂျင်းက အပြင်ပန်းကြည့်တော့သာ ပိန်ပိန်ပါးပါးလေးနဲ့ အရပ်ကလည်း သူနဲ့ မတိမ်းမယိမ်းလေးကို ဒီနေ့ကျမှ သူ့ထက်အရပ်ပိုရှည်နေပြီး ခန္ဓာကိုယ်လေးကိုလည်း ထိန်းထားပေးရတာက သူ့မှာ လက်မောင်းတွေပင် ပြုတ်ထွက်လုမတတ် အံသေနေပြီဖြစ်၏ ။

"ယူဂျင်း...ဗိုက်ဆာလားဟင်..?ဟျောင်း..တစ်ခုခု လုပ်ပေးရမလား.?"

"မဆာဘူး ဟျောင်း..ဟို..ဟျောင်း..ပြန်ရင်ပြန်တော့လေ...ကျွန်တော်က အဆင်ပြေပါတယ်"

"ရပါတယ်..ဂယူဗင်းလည်း လာတော့မှာကို... သူလာမှ ဟျောင်း ပြန်တော့မယ်"

"ဒါနဲ့.. ဟို..ဟို.. ခုထိ စိတ်ကောက်နေတုန်းလား.?"

မဝံမရဲဖြင့် သူ့ကို ခပ်ဖွဖွမေးလာတော့ ကျန်းဟောင့်မှာ အားရပါးရပင် ရယ်မိတော့၏ ။
တကယ်ပင် ကလေးလေးလို အတွေးနဲ့ ယူဂျင်းလေးက အတော်ပင် ချစ်စရာကောင်းလွန်းလှသည်။
ယုန်ပေါက်လေးလို အပြစ်ကင်းစင်လွန်းသူလေးမို့ ဂယူဗင်းက အသည်းအသန်ဖြစ်နေတာမှန်း ခန့်မှန်းမိပါ၏ ။

"ရေသောက်မလား.?"

"ဟုတ်"

ယူဂျင်းအမေးကို တုန့်ပြန်မှုမပြုဘဲ
ရေခဲသေတ္တာထဲမှ ရေဘူးသွားယူနေစဥ်မှာပင် တံခါးဖွင့်သံ တတီတီနှင့် ဂယူဗင်းက ပြန်ရောက်လာသည်။
မကြားချင်မှအဆုံး ပွေ့ချီမတတ်စိတ်ပူနေသည့် ဂယူဗင်းကို အပြစ်မဆိုမိ။
မနိုင်ဘူးဆိုတဲ့ သဘောနဲ့ ကျန်းဟောင့် ဒီတိုင်းသာ လက်ပိုက်ကြည့်နေမိတော့သည်။
အချိန်အတန်ကြာအကဲပိုပြီးတော့မှ ဘေးနားက ကျန်းဟောင့်ကို အမှတ်ရတော့သည်။

"ဟျောင်း... ကျေးဇူးပါပဲနော်...ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကိုခေါ်လိုက်ရင် ဖြစ်တာကို"

"မင်း ခုပုံစံကိုမမြင်ချင်လို့ မခေါ်တာပေါ့ကွာ"

"ဟျောင်းကလည်း ကျွန်တော်က စိုးရိမ်လို့ကို"

My Sweetheart    »» CᴏᴍᴘʟᴇᴛᴇᴛᴇᴅWhere stories live. Discover now