"အဲ့တော့ ကြည်ကြည်ဖြူဖြူနဲ့ လွှတ်လိုက်ရတာပေါ့...ဟုတ်လား"
"မကြည်ဖြူပါဘူးကွာ...ဒီတိုင်း ဝမ်းနည်းနေလို့ အလျော့ပေးလိုက်တာ"
"ဟုတ်ပါပြီ...ဒါနဲ့ စကားမစပ် အန်တီက ကျွန်တော်ကိုပြောလိုက်တယ်သိလား...ဖုန်းဆက်ရင်လည်း ကိုင်ပါဦးတဲ့ ၊ဟျောင်း.. တကယ်ပဲ အန်တီတို့နဲ့ အဆက်အသွယ်မလုပ်တာလား"
"အွန်း..ဟုတ်တယ်..ဟိုတစ်ခေါက် LA ပြန်ကတည်းက ငါ့သဘောထားကို သေသေချာချာပြောပြတော့ မာမီရောဒက်ဒီရော လက်မခံဘူးလေ..ဒီကြားထဲ မာမီက ဆိုးလ်ကိုလာပြီး ကျန်းဟောင့်နဲ့ တွေ့မယ်ပြောတော့ ငါအရမ်းစိတ်ဆိုးသွားလို့"
"ဟောင့်ကောနဲ့ အန်တီ တွေ့တာဘာဖြစ်လို့လဲ"
"ငါအပေါ် ထားတဲ့ ကျန်းဟောင့်ရဲ့ ခံစားချက်တွေကို အတည်ပြုချင်လို့တဲ့လေ ပြီးတော့ မာမီက ပြောသေးတယ်သိလား..ငါ သတိမေ့နေတုန်းမှာ လီနာနဲ့ငါက ချစ်သူတွေတဲ့ ဆိုးလ်ကို ခဏလာတုန်း ကျန်းဟောင့်နဲ့တွေ့ပြီး ရင်းနှီးမိရာကနေ ငါဘက်က စပြီး ချဥ်းကပ်မိပေမယ့် ကျန်းဟောင့်က ငါ့ကို သူငယ်ချင်းလိုပဲ သဘောထားတာတဲ့ သူ ခဏတာ အပြောင်းအလဲဖြစ်သွားတဲ့ ခံစားချက်ကို မထိန်းချုပ်နိုင်ပဲ ငါ့နားမှာ တွယ်ကပ်နေဖူးတဲ့အကြောင်း မာမီ့ကို ဝန်ခံဖူးတယ်တဲ့"
"ဟင်..ဟောင့်ကောနဲ့ အန်တီက ဘယ်တုန်းက တွေ့လိုက်တာလဲ"
"ငါ အတိတ်မေ့နေတုန်းက"
"အာ...အဲ့ဒါကြောင့် ဟိုတစ်ခါတုန်းက ဟောင့်ကောက ဟျောင်းနဲ့ လမ်းခွဲစကားပြောတာကိုး..ဒါနဲ့ ဟျောင်းက ဘာကို စိတ်ဆိုးတာလဲ"
"မင်းစဥ်းစားကြည့်..ရစ်ခီရာ...မင်းပြောပြလို့ လီနာနဲ့ ငါ့အခြေအနေကိုလည်း ငါသိပြီးသား..ပြီးတော့ မာမီနဲ့ ကျန်းဟောင့်ကိုလည်း တွေ့မပေးခဲ့ဘူးဆို"
"အွန်းလေ"
"အဲဒါဆို သေချာတာ တစ်ခုက မင်းနဲ့ငါ မသိလိုက်တဲ့ကြားထဲမှာ မာမီက ကျန်းဟောင့်ကို တွေ့ပြီး ငါနဲ့ လမ်းခွဲခိုင်းတာပဲ"
"အာ..သဘောပေါက်ပြီ"
"အဲ့တာ ခုလည်း ဒီလာမယ်ကြည့်ပြောနေလို့ မာမီဖုန်းကို Block ထားလိုက်တာ "