" သခင်လေး ဆုံးဖြတ်ပြီးပြီဆိုရင် ရွေးလို့ ရပါပြီ "
ပြူငှာချင်ယောင်ဆောင်ထားသည့် အသံကို ကြားလိုက်ရအပြီးတွင် ဆောင်းဟန်ဘင်းဟာ ခေါင်းကိုက်လာသလိုမျိုးတောင် ခံစားလိုက်ရလေ၏။ သူ့အရှေ့တွင် နေရာယူထားခဲ့သည်မှာ အဖြူရောင်ဇာပဝါပါးတစ်ခု ၊ ထို့နောက်တွင်မူ ပဝါနောက်တွင် ရိုရိုကျိုးကျိုးဖြင့် ထိုင်နေကြပါသည့် မိန်းမပျို ၊ ယောက်ျားပျိုများ။
" မရွေးလို့ မရဘူးလား "
ဘယ်တုန်းက အစဥ်အလာမှန်းတော့ မသိရပါချေ။ မျိုးရိုးမြင့်သခင်လေးများက အသက် နှစ်ဆယ်ပြည့်ပါလျှင် အနား၌ အနည်းဆုံး အစေခံတစ်ယောက်ကို ခေါ်ထားလေပြီး သာယာပျော်ရွှင်မှုနှင့် ပတ်သတ်သည့် ကိစ္စများကို ဖြေလျှော့ဖို့ရာအတွက် အသုံးချသင့်ကြောင်း ကိစ္စရပ်ဟာ သူတို့နယ်၏ မပြောလည်း သိရမည့် ဓလေ့ထုံထမ်းတစ်ခု ဖြစ်လို့လာခဲ့သည်။
အချို့ကမူ ဤသည်မှာ အမျိုးစုံသော နေရာများကို လည်ပတ်ပျော်ပါးမိပါသဖြင့် နာမကျန်း ဖြစ်ခြင်းမျိုးမှ ရှောင်ကြဥ်ရန်အတွက် ကြိုတင်ကာကွယ်ခြင်းဟုလည်း ပြောကြသလို အချို့ကကျ ထိုအစေခံများက သခင်လေးများ၏ ဂုဏ်ပုဒ်ကို ပြသနိုင်ပါသည့် အဆင်တန်ဆာ တစ်ခုလိုမျိုးလည်း ဖြစ်ကြောင်း အမျိုးမျိုးအဖုံဖုံ ကောက်ချက်ချတတ်ကြလေ၏။
သို့သည့်တိုင် စာပေအနုပညာတွင်သာ လိုက်စားပျော်မွေ့တတ်ခဲ့ပါသည့် ဟန်ဘင်းအတွက်တော့ ထိုအစေခံကိစ္စတစ်ခုလုံးကိုက ရယ်မောချင်စရာကြီးပင်။ အဘယ့်ကြောင့်များ အခြားလူတစ်ယောက်ကို ကိုယ်ပိုင်ပစ္စည်းလိုမျိုး ချုပ်ခြယ်ရမည်နည်း။
ဟန်ဘင်းက မလိုလားဟန်များ ပြသည့်အခါ ဆောင်ကြာမြိုင်၏ ပိုင်ရှင်ဖြစ်သူက အခက်တွေ့နေသည့် မျက်နှာမျိုးဖြင့်။
" သခင်လေး ဒီမှာ မရွေးသွားဘူးဆိုရင် ကျွန်တော်မျိုးမတို့က အခက်တွေ့ရမှာပါ ၊ မဟုတ်လည်း သခင်ကြီးက နောက်ကျရင် ဖိအားပေးလာမယ့်အတူတူ အခုကတည်းက တစ်ယောက်လောက်ပဲဖြစ်ဖြစ် ရွေးထားတာက ပို အဆင်ပြေမယ်ထင်ပါတယ် "
DU LIEST GERADE
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao