愛 | Love

1.3K 159 9
                                    

Warning - NSFW Alert! Explicit sexual content alert! READ AT YOUR OWN RISK!

မနက်ဖြန်ဆိုလျှင် ဆောင်းဟန်ဘင်းက လက်ထပ်ရတော့မည် ဖြစ်ပါသည်။

မိုးရေထဲ၌ ဆုံခဲ့ပြီးပါသော နေ့ပြီးကတည်းက ဟာအိုက သူ့ကို သိသိသာသာကို ရှောင်နေခဲ့လေ၏ ၊ အရင်နေ့တုန်းကလိုမျိုး သူ့အခန်းထဲ၌ လာစောင့်နေခြင်းမျိုးလည်း မရှိတော့ဘဲ တော်ရုံမသုံးဖြစ်ပါသည့် ဟာအို၏ ကိုယ်ပိုင်အခန်းက နေ့တိုင်း မီးလင်းလာရသော အခြေအနေတစ်ခုထံသို့ ပြန်ရောက်သွားလျက်သား။

ဟန်ဘင်းကတော့ သူ့ကိုယ်သူပဲ အပြစ်တင်မိပါသည် ၊ သို့သော်ငြားလည်း ထုတ်ပြောမိလိုက်ခြင်းကို သူ နောင်တနည်းနည်းလေးတောင် မရခဲ့ပါချေ။ အနည်းဆုံးတော့.. အနည်းဆုံးတော့ သူ့ကြောင့် ဟာအိုက ခံစားနေရလိမ့်မည် မဟုတ်ပါချေ။ ဒီအချက်လေးနဲ့တင် ဟန်ဘင်းက အနည်းငယ်မျှ စိတ်သက်သာရရပါသည်။

ဖမ်းဆုပ်စရာ မရှိတော့သည့်အခါ ဟန်ဘင်း၏ စိတ်ခံစားချက်များက အရုပ်ကြိုးပျက် လွတ်ထွက်လို့သွားရ၏။ လက်ထပ်ပွဲကလည်း သူ့အတွက် ဘာမှ မဟုတ်နေတော့ ၊ အခြားလူများ၏ စီစဥ်မှုနောက်သို့ လိုက်နေရင်း သူ မပိုင်ပါသည့် ဘဝကြီးအတွင်း၌ ပိတ်မိခံနေရန်အတွက် အသင့်ဖြစ်နေခဲ့လေပြီ။

လက်ထပ်ပွဲမတိုင်မီညတွင် တစ်အိမ်လုံးက ပြင်ဆင်နေကြရင်းဖြင့် မအိပ်နိုင်ခဲ့ကြ ၊ အစေခံများအားလုံးက သူ့အတွက် ဝမ်းသာပေးနေကြပါသည့်တိုင် ဆောင်းဟန်ဘင်းကတော့ ဖွဖွလေးသာ ပြုံးနိုင်ခဲ့ပါသည်။ မသိလျှင် လူသားအားလုံးက သူ့အပျော်များကို စုပ်ယူသွားပါသလို..။

သို့သည့်တိုင် ဆောင်းဟန်ဘင်းက အစေခံ တစ်ယောက် ကမ်းပေးလာသည့် သေရည်ကို သောက်ဖို့အတွက် ကြံရွယ်နေစဥ်၌ ဟာအိုက ဘယ်နေရာကနေ ‌ပေါ်မှန်းမသိ ပေါ်လာခဲ့ပြီး သူ့လက်ကောက်ဝတ်ကို ဆွဲကာ သူ့ကို အဝေးသို့ ခေါ်သွားခဲ့လေသည်။ သေရည်ကို မသောက်ဖြစ်လိုက်ပါသည့် ဆောင်းဟန်ဘင်းက ကြောင်အစွာဖြင့် လွင့်လူးနေသော ဆံပင်များကို ငေးကြည့်မိလိုက်ပါ၏။

ဟာအို၏ ခြေလှမ်းများ ဦးတည်ရာမှာ ဆောင်းဟန်ဘင်း၏ အခန်းထံသို့.. ။

Frosted Flora | 凍える花Where stories live. Discover now