ဟန်ယူဂျင်းဟာ တဖွဲဖွဲဖြင့် ကြွေကျလာနေပြီ ဖြစ်ပါသည့် ပန်းပွင့်များကို ငေးခနဲ ကြည့်နေမိခဲ့လေသည်။ နွေဦးက ကုန်ဆုံးခါစ ပြုလာလေပြီ ၊ နွေရာသီကို ဝင်လာသည်နှင့်အမျှ အပူဓာတ်က ကဲလာခဲ့ပါသဖြင့် သူကိုယ်တိုင်လည်း အခန်းထဲတွင်သာ လှောင်ပိတ်ပြီး မနေနိုင်တော့လေဘဲ နန်းတွင်းရှိ ဥယျာဥ်ထဲ၌သာ အခြေချဖြစ်လာခဲ့သည်။
ဂွန်းဝုကိုမူ ရှန်ချွမ်ရွေ့တို့နှင့် ဆက်သွယ်ဖို့ လွှတ်ထားခဲ့ရပါသဖြင့် ဥယျာဥ်ထဲ၌ သူ့ကို အဖော်ပြုပေးခဲ့သည်မှာတော့ ဂယူဘင်းတစ်ယောက်တည်းပင်။ ပန်းချီဆွဲရသည်ကို သဘောကျသည့် ဟန်ယူဂျင်းအတွက် မင်သွေးပေးနေသည့် ဂယူဘင်း၏ မျက်နှာက အေးအေးချမ်းချမ်း ၊ အပူအပင်ကင်းလျက်။
လူတိုင်းက ယူဂျင်းကို ဘာမှမသိ ၊ နားမလည်ပါသည့် အိမ်ရှေ့စံတစ်ပါးဟု နောက်ကွယ်တွင် သမုတ်နေကြကြောင်းကို ယူဂျင်းက အကုန်ပြန်ကြားပါသည့်တိုင် အရာအားလုံးကို မသိချင်ယောင်သာ ဆောင်ထားခဲ့ပါ၏။ အဘယ့်ကြောင့်ဆိုသော် ဟောင့်ကောက မှာထားခဲ့သဖြင့်ပင် ၊ နန်းတွင်းအတွင်း၌ အန္တရာယ်ကင်းစွာ အသက်ရှင်နေထိုင်ချင်ပါလျှင် ဘာကိုမှ ဉာဏ်မမှီပါသည့် ငတုံးတစ်ယောက်လိုမျိုးသာ ပြုမူနေထိုင်ရမည်ဟု။
ဘဏ္ဍာရေးကိစ္စ ၊ နိုင်ငံရေးကိစ္စများကို ညီလာခံ၌ အမတ်များက ဆွေးနွေးနေချိန်တွင် ဟန်ယူဂျင်းက စိတ်မဝင်စားသလိုမျိုး မျက်လုံးလေးများဖြင့် ငေါင်တောင်တောင်လေးသာ ကြည့်ပေးခဲ့ပါသည့်တိုင် သူ့နားကမူ သူတို့ပြောသမျှ စကားများကို တစ်ခုမကျန် နားထောင်ခဲ့ပါ၏။ အသုံးမကျပါသည့် သူ့ဖခမည်းတော်ကတော့ "မောင်မင်းတို့ သဘော" ဟု ပြောရင်းဖြင့် ညီလာခံကို သိမ်းဦးမည် မဟုတ်ပါလား။
ထို့ကြောင့်ပဲ တိုင်းပြည်တစ်ခုလုံးက အမတ်များ၏ လက်ခုပ်ထဲတွင် ရောက်နေခဲ့လေပြီး ပြဿနာများက မပြီးနိုင်မဆုံးနိုင် ဖြစ်နေခဲ့ရခြင်းပင်။ နယ်စပ်ဒေသများက အခုထက်ထိ မငြိမ်းချမ်းနိုင်သေး ၊ ဂုတ်သွေးစုပ် အမြတ်ထုတ်ချင်သူများ၏ လက်ထဲ၌ ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့ရသည့်ကြားထဲ ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ဖြတ်ခံရသလိုပါ ဖြစ်နေပါသေးသည်။
![](https://img.wattpad.com/cover/354823851-288-k794706.jpg)
YOU ARE READING
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao