永遠の陽光 || Eternal Sunshine

546 104 8
                                    

သူ လက်ခံလိုက်အပြီး၌မူ ကျန်ရစ်သည့် နေ့ရက်များဟာ အဆုံးမရှိသည့် ဆွေးနွေးတိုင်ပင်မှုများ ဖြစ်လာရသည်။ ရွာတွင် ရှိနေပါသည့် လူများက ဟန်ဘင်းကို သိပ်ပြီးတော့ ယုံကြည်သေးဟန် မပေါ်ပါသည့်တိုင် ဟာအိုကတော့ တစ်ချက်လေးတောင် ဂရုစိုက်မနေဘဲ ဟန်ဘင်းကို မှာစရာ ရှိသည့် ကိစ္စများကိုသာ မှာရင်း ပြင်ဆင်လို့နေခဲ့လေသည်။

ဟာအို့ အကြံအစည်က ရိုးရှင်းလှ၏။ ဟန်ဘင်းကို ထိုလက်ထပ်ပွဲကို လက်ခံခိုင်းပြီး ဘုရင်အဖြစ် တင်မြှောက်ပေးပါရန်။ တစ်ဖက်မှ မိဖုရားခေါင်တို့ ကြံဆထားသည့် ကိစ္စနှင့် များများစားစား သိပ်ပြီးတော့ မကွာခြားလှ။

အဓိက ခြားနားမှုကတော့ ဟန်ဘင်း၏ မိဖုရားခေါင် ဖြစ်လာမည့်လူက မင်းသမီး ဟုတ်မနေဘဲ ဟာအို ကိုယ်တိုင် ဖြစ်နေခဲ့ခြင်။

"ဒါက.. အဆင်ပြေပါ့မလား ဟာအို"

"မတတ်နိုင်ဘူးလေ စမ်းကြည့်ရမှာပဲကို၊ ဟန်ဘင်း ဘုရင်ဖြစ်သွားရုံနဲ့တော့ ဒါတွေအားလုံးက ပြီးသွားမှာတော့ မဟုတ်ပေမဲ့ အဲဒီကနေ စရမှာပဲ"

ဟာအိုက အရှေ့၌ ချထားသည့် မြေပုံကို လက်ထောက်လိုက်ပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့လေ၏။

"ပခုံးက ဒဏ်ရာက ပျောက်သေးတာလည်း မဟုတ်ဘဲနဲ့ လက်ကို တအားမသုံးနဲ့လေ"

ပြောပြောဆိုဆိုဖြင့် ဟန်ဘင်းက သူ့အနားသို့ သွားပြီးနောက် ဟာအို့ကို ခုံပေါ်သို့ ထိုင်ခိုင်းလိုက်ရသည်။ ဟာအိုကမူ ထပြီးတော့ မြေပုံကို ကြည့်ချင်နေသေးသည့်နှယ် နှုတ်ခမ်းကို စူလျက်။

"အချိန်က သိပ်ပြီး ရှိတော့တာ မဟုတ်ဘူးလေ၊ သေချာလေး ပြင်ဆင်မှ ရမှာပေါ့၊ အကယ်လို့ အခုလက်ရှိ လုပ်နေခဲ့တာတွေက အဆင်မပြေဘူးဆိုရင် ငါတို့ ဘယ်နေရာမှာ အခြေပြန်ချရမလဲ ဆိုတာလည်း ကြိုစီစဥ်ထားမှ ရမှာပေါ့"

"မစီစဥ်ဖို့ ပြောတာ မဟုတ်ပါဘူး၊ ဖြည်းဖြည်းလေး လုပ်ဖို့ပါပဲ၊ ဟာအို့ ဒဏ်ရာ မသက်သာရင်လည်း ဒါတွေက အကုန်လုံး အချည်းနှီးဖြစ်သွားမှာပဲ ဟုတ်"

သူ့စကားက ယုတ္တိရှိဟန်ဖြင့် ဟာအိုက ငြိမ်ကျလို့ သွားရပြီးနောက် ပင်ပန်းနေဟန်ဖြင့် မှီလာခဲ့သည့်အခါ အနောက်၌ ရပ်နေခဲ့ပါသည့် ဟန်ဘင်း၏ ဗိုက်နှင့် ဆံပင်ကို တစ်ဝက်မျှသာ စည်းနှောင်ထားသည့် ခေါင်းလုံးလုံးလေးက သွားပြီး ထိရှာသည်။ ဟန်ဘင်းက ရယ်ကာမောကာဖြင့် ပါးကို လက်ဖြင့် တို့လိုက်ပါသည့်တိုင် ဟာအိုကတော့ ငြိမ်ပြီး ခံနေဆဲ။

Frosted Flora | 凍える花Où les histoires vivent. Découvrez maintenant