ဟာအိုဟာ သူ့ကို ပြောပြစရာများ ရှိကြောင်း အစပျိုးလာခဲ့ပါသည့်တိုင် ထိုကိစ္စများထံသို့တော့ တန်းပြီး မရောက်သွားခဲ့ကြဘဲ ထိုတောင်ကုန်းလေး၏ အမြင့်တစ်နေရာတွင် ရှိနေပါသော တဲအိမ်ငယ်လေးထံသို့သာ သူတို့ အတူတူ အရင်သွားဖြစ်ခဲ့ကြလေ၏။ အိမ်ကလေးကမူ အတော်လေးကို နွမ်းနွမ်းလျလျ၊ သို့သည့်တိုင် ပြိုလဲကျတော့မလိုမျိုး ဟောင်းနွမ်းနေခြင်းလည်း မဟုတ်ရ၊ ဤနေရာကို စောင့်ရှောက်လေသူက အတော်လေးကို ဂရုတစိုက် ရှိခဲ့လေပုံ။
အိမ်ရှေ့သို့ ရောက်သွားပါသည့်အခါ တစ်ခေါင်းလုံး၌ ဆံပင်ဖြူများ ဖွေးလှိုင်နေပါသည့် အဘွားအိုတစ်ယောက်က အိမ်ရှေ့တွင် ရပ်စောင့်လို့နေခဲ့သည်။ မသိလျှင် ဟာအို အလာကို စောင့်မျှော်နေပါသည့်အလား။ ထိုအဘွားအိုဟာ ဟာအို့ကို တွေ့လိုက်သည့်အခါ နွေးထွေးလှသော အပြုံးတစ်ခုဖြင့် ဆီးကြိုလာခဲ့လေ၏။
"အရှင့်သား ဒီတစ်ခေါက် ပြန်ရောက်လာတာ စောစီးလွန်းပါတယ်"
"ဘွားဘွား ကျွန်တော့်ကို အရှင့်သားလို့ မခေါ်ဖို့အတွက် ဘယ်နှခါ မှာရမလဲ"
ဟာအိုက ခေါင်းခါလိုက်ရင်းဖြင့် အဘွားအို၏ ပြောစကားကို ပြန်ကာ ဖြေကြားလာပေးခဲ့လေ၏။ ထိုအခါ အဘွားအိုဟာ ဟန်ဘင်းထံသို့ လှမ်းကြည့်လာခဲ့ပြီးသည့်အခါ တစ်ခုခုကို အမှတ်ရသွားခဲ့သလိုမျိုး မျက်မှောင်ကြုတ်သွားပြီးနောက် မျက်နှာကလည်း သုန်မှုန်လို့သွားရသည်။
"အရှင့်သား သူက..."
အဘွားအို၏ လေသံထဲတွင် ပျူငှာမှုဟူ၍ အလျဥ်းမရှိ။ ဟာအိုကမူ ဤအခြေအနေမျိုး ကြုံရမည်ကို တွေးထားနှင့်ပြီးသား ဖြစ်နေသည့် ပုံစံနှင့် သက်ပြင်းလေးချလာလျက်သား။
"ကျွန်တော် နောက်ကျ သေချာလေး ပြန်ရှင်းပြပါ့မယ်၊ ဒီနေ့ကတော့ အဘွားကို မျက်နှာလာပြရုံမလို့ပါ"
"ဒါပေမဲ့ အရှင့်သား သူက အမတ်မင်းဆောင်းရဲ့ သားလေ"
မှန်းထားနှင့်ပြီးသား အကြောင်းအရင်း တစ်ခု ဖြစ်နေပါသည့်တိုင် တကယ်ကြီး နားနှင့်ဆတ်ဆတ် ကြားလိုက်ရပါသည့်အခါ ဆောင်းဟန်ဘင်းလည်း သိသိသာသာကြီးကို မျက်နှာပျက်သွားခဲ့ရသည်။ သူ့ကို ကြည့်နေပါသည့် အဘွားအို၏ မျက်လုံးထဲတွင် နာကျည်းမှုများက အပြည့်အဝ။ သူ့အဖေက.. ဒီလူများအပေါ်ရော ဘယ်လိုအပြစ်မျိုးတွေများ လုပ်ထားမိခဲ့ပါသနည်း။
![](https://img.wattpad.com/cover/354823851-288-k794706.jpg)
ESTÁS LEYENDO
Frosted Flora | 凍える花
FanficWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao