感覚 | Sensation

2.1K 174 14
                                    

Disclaimer - EXPLICIT SEXUAL CONTENT ALERT! NSFW ALERT!! READ AT YOUR OWN RISK!!! IT'S YOUR OWN CHOICE!

-

ဟာအိုက စကားကို တည်လွန်းခဲ့သူပင်။ ရှည်ကြာကာ စိတ်ညစ်စရာ ကောင်းလှသည့် ဆုံတွေ့မှုအပြီး၌ ဟန်ဘင်း ပြန်ထွက်လာခဲ့ချိန်တွင် ပွဲအတွင်း၌ လူပါးနေခဲ့ပြီ ဖြစ်သလို ဟာအိုကလည်း ရှိမနေပါတော့ချေ။

သက်ပြင်းချလိုက်ရင်းဖြင့် စိတ်ညစ်ညူးမှုများကို ပွေ့ပိုက်ရင်း ဟန်ဘင်းက အိမ်ကို ပြန်လာခဲ့ပါသည့်အခါ ခြံဝန်းထဲသို့ ဝင်လိုက်သည်နှင့် ဗျပ်စောင်းသံတစ်ခုက ဆီးကြိုလို့နေခဲ့သည်။ သို့သည့်တိုင် ယခင်ကလိုမျိုး သာယာငြိမ့်ညောင်းလှသည့် တေးသံသာမျိုး မဟုတ်ဘဲ လူတစ်ယောက်၏ ဒေါသများကို ထည့်သွင်းကာ တီးခတ်ထားနေသလို။ ဗျပ်စောင်းကြိုးက ဘယ်အချိန် ပြတ်သွားလောက်လေမလဲ ဆိုသည်ကို ရင်တမမနှင့် တွေးနေရပါသည့် သံစဥ်မျိုး။

ဟာအိုက ဒေါသထွက်နေခဲ့ပါသလား ၊ သူ့ကိုများ စိတ်ဆိုးနေခဲ့ပါသလား။

ခေါင်းထဲမှ မေးခွန်းများကို ဖြေရှင်းဖို့အတွက် ဟန်ဘင်းဟာ ခဏလေးတောင် မစောင့်နေတော့ဘဲ သူ့အခန်းထဲသို့ပဲ အပြေးဝင်သွားမိလိုက်သည်။ သေချာပေါက် ဂျီအွန်းကတော့ လိုက်လာခဲ့ခြင်း မရှိခဲ့။

အခန်းထဲ၌မူ ဟာအိုက ယနေ့ ဝတ်ထားသည့် ပုံစံအတိုင်းလေးပင် ထိုင်နေခဲ့ပြီး ဗျပ်စောင်းကို တီးနေခဲ့လေသည်။ မျက်နှာထားကမူ တင်းမာကာ အေးစက်နေဆဲ။ ဟန်ဘင်းက တံခါးဖွင့်ပြီးတော့ ဝင်လာသည့် အသံကို ကြားပါသည့်တိုင် ခေါင်းမော့မကြည့်လာခဲ့ဘဲ ဗျပ်စောင်းကိုပဲ ဆက်တီးနေခဲ့ရင်း သူ့ကိုမူ လျစ်လျူရှုထားခဲ့လေ၏။

" တောင်းပန်ပါတယ် "

သူ ဘာကို တောင်းပန်ချင်ခဲ့သလဲ ဆိုသည့်ကို သူ့စိတ်ထဲတွင်တောင် တိတိပပ နားမလည်နိုင်ခဲ့။ သို့သည့်တိုင် ဟာအိုက ဒေါသထွက်နေခဲ့ရခြင်းက သူ့ကြောင့် ဖြစ်နေမှန်း သိသာနေခဲ့သည့်အခါ၌မူ ဘာပဲ ဖြစ်နေခဲ့ပါစေ သူ့ဘက်ကပဲ ဦးအောင် တောင်းပန်ပေးချင်ခဲ့ပါသည်။

" ဘာအတွက်လဲ "

ဟာအိုက ဗျပ်စောင်းတီးနေသည်ကို ရပ်လိုက်ပြီးနောက် သူ့ထံသို့ မော့ကြည့်လာခဲ့သည်။ ဖြူဖျော့သော လက်ချောင်းထိပ်များက ကြိုးဒဏ်ကြောင့် သွေးခြည်ဥမတတ် နီရဲနေကြောင်း မြင်လိုက်ရသည့်အခါ ဟန်ဘင်းက ချက်ချင်းသွားပြီးတော့ ကိုင်ထားပေးချင်ခဲ့ပါသည့်တိုင် စိတ်ကို မနည်း ထိန်းလိုက်ရလေ၏။

Frosted Flora | 凍える花Where stories live. Discover now