結婚 | Marriage

1K 152 4
                                    

A/N - this mtfk wattpad won't allow me to post this on my main acc so yeah, we will have to read this here ig ;-;

---

သမားတော်က စပ်ပေးခဲ့သည့် ဆေးက ကောင်းသဖြင့်လား ဟာအို ကိုယ်တိုင်ကပဲ ခံနိုင်ရည်အား ကောင်းလို့လားတော့ မပြောတတ်ပါချေ။ ရက်ပိုင်းလောက်အတွင်းမှာတင် ဟာအိုက ထူထူထောင်ထောင် ဖြစ်လာခဲ့ပြီး လက်မောင်းကိုလည်း စိတ်လိုလက်ရ လှုပ်လို့ ရသည့် အခြေအနေမျိုး ဖြစ်လာခဲ့လေသည်။

ဆောင်းဟန်ဘင်းလည်း ထိုအချိန်မှသာ စိတ်အေးခဲ့ရလေ၏။

အစေခံများကပါ ကွက်ကြည့်ကွက်ကြည့် လုပ်ရလောက်အောင် ဒီရက်ပိုင်းအတွင်း၌ ဟန်ဘင်းက ဟာအို၏ အခန်းထဲမှ မခွာနိုင်လောက်အောင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ သူ့ကြောင့် ဖြစ်သွားရတာ ဆိုသည့် အပြစ်မကင်းစိတ်ကလည်း စိုးမိုးနေခဲ့သလို သူ ကိုယ်တိုင်ကလည်း ပြုစုကာကွယ်ပေးချင်စိတ်တို့ များခဲ့ရသည် ဆိုလျှင်လည်း မမှား။

ဤရက်ပိုင်းအတွင်း၌ ဟန်ဘင်းက သူ့ကိုယ်သူ ပြန်ပြီးတော့ ဆန်းစစ်ဖို့ အချိန် အတော်များများ ရခဲ့ပါလေသည်။ အရင်ကနှင့်မတူတော့သည့် သူထံ၌ ဘယ်လိုအပြောင်းအလဲမျိုးကများ ဖြစ်လာခဲ့ရလေသလဲ ဆိုသည့်အကြောင်း နှိုက်နှိုက်ချွတ်ချွတ် တွေးမိခဲ့ပါလျှင်လည်း အဖြေများအားလုံးက ဟာအိုထံတွင်သာ အဆုံးသတ်ရလေ၏။

သေချာပေါက်ကို အမြင့်တစ်နေရာ၌ ရှိရမည့်လူက ဆောင်းဟန်ဘင်း ဖြစ်သင့်ခဲ့ပါသည့်တိုင်၊ မမှီသော ပန်းကို တုံးခုလှမ်းနေသလို ဖြစ်နေသူကလည်း ဆောင်းဟန်ဘင်းကိုယ်တိုင်ပင် ဖြစ်လို့နေခဲ့သည်။ သူ မမှီသင့်သည့် ပန်းမျိုးလည်း မဟုတ်ရပါသည့်တိုင် ဟာအို့ကို ခူးဆွတ်နိုင်ဖို့အတွက်က သူ့အတွက်တော့ လွယ်ကူမနေ။

သို့သည့်တိုင် ‌ဆောင်းဟန်ဘင်းကတော့ သူ့ဘေးတွင် နေခဲ့ရသည့် အချိန်တိုင်းကို ကြည်နူးစရာဟုကို သတ်မှတ်ခဲ့ပါသည်။ သူ့ကို ကြည့်ကာ ပြုံးလာတတ်သည့် မျက်နှာလှလှလေးကို မြင်လေတိုင်း ပြောမပြတတ်သည့် ခံစားချက်တစ်မျိုးက သူ့ ရင်ဘတ်ထဲတွင် နေရာယူလာတတ်၏။

အမည်တပ်ချင်ပါလျှင် လွယ်ကူလွန်းသည့် ခံစားချက်မျိုး ဖြစ်ခဲ့ပါသည့်တိုင် ဟန်ဘင်းကတော့ မသိချင်ယောင်ဆောင်ရင်းဖြင့် ကျော်သွားဖို့အတွက်ကိုသာ ရွေးချယ်ခဲ့ပါသည်။ အဓိကကမူ တိတိကျကျ သတ်မှတ်ထားသည့် ခေါင်းစဥ်တစ်ခုအောက်သို့ ရောက်သွားခဲ့ပါလျှင် ဒုက္ခရောက်ရမည်မှာ သူ ကိုယ်တိုင် ဖြစ်နေသဖြင့်သာ။

Frosted Flora | 凍える花Wo Geschichten leben. Entdecke jetzt