暗殺 | Assassination

1K 166 18
                                    

Trigger Warning - Gore alert! Blood + Murder alert!

-

ကျန်းဟောင့်ဟာ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် အိပ်ပျော်နေပါသည့် ဟန်ဘင်း၏ မျက်နှာကို ငုံ့ကြည့်မိလိုက်သည်။

သေချာပေါက် သူ့ ဘာသာသူ ပင်ပန်းပြီးတော့ အိပ်ပျော်သွားခြင်းတော့ မဟုတ်ရပါချေ ၊ ဟန်ဘင်းက သူ ထင်ထားသည်ထက်တောင်မှ သက်လုံကောင်းသည့်လူဖြစ်လေကြောင်း သူ့ကို သက်သေပြထားသည့် အကြိမ်ပေါင်းကလည်း များလှလေပြီ မဟုတ်ပါလား။

ထားပါ.. ၊ ယခုတစ်ခေါက် ဟန်ဘင်း အိပ်ပျော်သွားသည့် အကြောင်းအရင်းကတော့ ဝူဟျွန်း သူ့ကို လုပ်ပေးထားခဲ့သည့် လက်စွပ်က တကယ်ကို အသုံးဝင်သွားပါသဖြင့်ပင်။ အိပ်ဆေးလိမ်းထားသည့် ဆူးချွန်လေးဖြင့် ဟန်ဘင်း၏ လည်ပင်းကို ဖွဖွလေး ထိုးပေးလိုက်ပြီးနောက် သိပ်မကြာခင်မှာတင် ဟန်ဘင်းက သတိလစ်သွားခဲ့ရသည်။ ရှန်ချွမ်ရွေ့ ထွင်ထားပါသည့် အဆိပ်ကတော့ ဘယ်တော့မှ အချွတ်အယွင်း ရှိလိမ့်မည် မဟုတ်ပါချေ။

တစ်ကိုယ်လုံးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သန့်ရှင်းပေးကာ အဝတ်အစားကိုပါ သေချာပြန်ဝတ်ပေးလိုက်ပြီးနောက် ကျန်းဟောင့်ဟာ ဆောင်းဟန်ဘင်း၏ မျက်နှာကို ငေးနေရင်းဖြင့် အတော်ကြာအောင် ထိုင်နေမိပါသည်။ ငိုထားမိပါသဖြင့် ဖောင်းလာပြီဖြစ်သော မျက်လုံးများကို ကိုင်ကြည့်ရင်း သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်လှစွာဖြင့် ညည်းတွားမိပါသေး၏။

ဘယ်လိုမျိုးပဲ နောင်တရနေပါစေ ၊ ဘယ်လိုပုံစံမျိုးဖြင့်ပဲ သူ့ကိုယ်သူ ကြိတ်မနိုင်ခဲမရတွေ ဖြစ်နေပါစေ ၊ ကျန်းဟောင့်ဟာ သူ့လက်ချောင်းများကို ဆောင်းဟန်ဘင်း၏ လည်မျိုထက်သို့ ပြန်ပြီးတော့ မတင်နိုင်ပါတော့ချေ။

အချစ်ဆိုသည့် စကားလုံးဖြင့် ဆင်ခြေပေးရအောင်က သိပ်ကို ကလေးဆန်လှပါသည့်တိုင် ကျန်းဟောင့်က ဆောင်းဟန်ဘင်းကို မသတ်ရက်ခဲ့ ၊ ဒီနေရာသို့ သူ ရောက်လာသည့် အကြောင်းအရင်း ၊ သူ့အနားသို့ ချဥ်းကပ်လာရသည့် အကြောင်းအရင်းကြီး တစ်ခုလုံးကိုက ဆောင်းဟန်ဘင်းကို သတ်ဖို့ ဖြစ်နေပါသည့်တိုင် ဒါကိုမှ မလုပ်နိုင်တော့သည့် သူက တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းနေလောက်ပါ၏။

Frosted Flora | 凍える花Where stories live. Discover now