သူ့ရင်ခွင်ထဲ၌ ကြုံ့ကြုံ့လေး ခွေပြီးတော့ အိပ်နေပါသည့် ဟာအို့ကို ငုံ့ကြည့်လိုက်ရင်းဖြင့် ဟန်ဘင်းဟာ အကြောင်းအရင်းရယ်လို့ တိတိကျကျ မရှိလေဘဲတောင် ပြုံးမိလိုက်ပါသည်။
ဘေး၌ နေရာယူထားခဲ့သည်မှာမူ မနေ့ညတုန်းက သူ စိတ်အားထက်သန်စွာဖြင့် ရေးဆွဲထားပါသည့် ပန်းချီကားတစ်ချပ် ၊ သေချာပေါက် ကာယကံရှင်၏ အလှကိုတော့ အပြည့်အစုံ မဖော်ပြနိုင်ခဲ့ပါသည့်တိုင် သူ့နည်းသူဟန်ဖြင့်တော့ စိတ်ကျေနပ်စရာကောင်းလွန်းခဲ့သည် မဟုတ်ပါလား။
"အိပ်လို့ရလား" လို့ မေးပြီး တကယ်ကြီး အိပ်ပျော်သွားခဲ့သည့် ဟာအို့ကို မြင်လိုက်ရသဖြင့်လည်း ဟန်ဘင်းခမျာ ပြုံးမိပါသေးသည်။ အစေခံတစ်ယောက်ကို လှမ်းခေါ်ချင်ခဲ့ပါသည့်တိုင် ညဥ့်နက်သန်းခေါင် ဖြစ်နေခဲ့ပါသဖြင့် လက်လျှော့လိုက်ပြီးနောက် သူ ကိုယ်တိုင်ပဲ ရေနွေးကြိုကာ ရေကို စပ်ရင်း အိပ်ပျော်နေသည့် ဟာအို့ကို ပွေ့သွားကာ သန့်ရှင်းရေး လုပ်ပေးရပါသေးသည်။
စေးကပ်နေသည့် ချွေးစများ ၊ ညစ်ပတ်နေပါမည့် အချို့သော အရည်များ ၊ ထို့အပြင် သူ သန့်ရှင်းရေး လုပ်ကို လုပ်ပေးသင့်ပါသည့် နေရာတစ်ခု။ သူ လုပ်မိခဲ့သည့် အပြုအမူများကို အဆုံးအထိ တာဝန်ယူတတ်သည့် ဟန်ဘင်းကတော့ ဟာအို့ တစ်ကိုယ်လုံးထံတွင် အညစ်အကြေး တစ်စက်မှ မကျန်ရလေအောင် သန့်ရှင်းပေးပြီးကာမှ သူ့ဝတ်စုံအဖြူတစ်ထည်ကို ဝတ်ပေးလိုက်ရ၏။
လုပ်သင့်သည့် ကိစ္စမှန်သမျှကို ပြီးအောင် လုပ်ခဲ့ပြီးနောက် ညကောင်းကင်ကတောင် အနည်းငယ်မျှ အမှောင်လျော့လာခဲ့လေပြီ။ ဟန်ဘင်းကိုယ်တိုင်လည်း ပင်ပန်းလာသည့်အတွက် ဟာအို့ဘေးတွင်သာ ဝင်လှဲလိုက်ပြီးနောက် ဘေးတစ်စောင်းဖြင့် လက်ထောက်ကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်နေသည့် မျက်နှာလေးကို ကြည့်နေမိခဲ့လေ၏။
" ဒါဆိုရင် ဟာအို့ကို ကျွန်တော့် အပိုင်လို့ သတ်မှတ်လို့ရပြီ ဆိုတဲ့ သဘောများလား "
သူ့နှုတ်ခမ်းများကို အလိုလို တွန့်ကွေးသွားစေသည့် စကားများကို ထုတ်ပြောမိလိုက်ပြီးနောက် ဆောင်းဟန်ဘင်းဟာ လက်ဆစ်ကလေးဖြင့် ဟာအို့၏ ပါးကို ဖွဖွလေး ပွတ်ပေးလိုက်မိပါ၏။ ကဗျာတွေ စာတွေနဲ့တောင် ဖွဲ့လို့ မမှီလောက်မည့် အလှမျိုးကို သူက အပိုင်သိမ်းနိုင်မတဲ့လားလေ။

YOU ARE READING
Frosted Flora | 凍える花
FanfictionWhat could spring bring to a frozen flower? Warmth or unwanted fever? Sung Hanbin x Zhang Hao