intro💔

19.1K 474 6
                                    

''ဦးငယ် ''
Intro....

လေတိုက်လို့
သစ်ရွက်ကလေးလူပ်တာနဲ့ ....
လေကြမ်းလို့ ဖူန်အနည်းငယ်ထတာနဲ့....
ရင်ခုန်တတ်တဲ့အရွယ်မှာ
ဂျီလေးဟာ ဦးငယ်နဲ့ စပြီးတွေ့ရှိခဲ့တယ်....

16 နှစ်သာသာ ကလေးပဲရှိသေးတဲ့
ကောင်ငယ်လေး....
အချစ်ဆိုတာ ဘာမှန်းမသိတဲ့
မနူးမနပ်အရွယ်လေးမှာ တွေ့ရှိခဲ့ပြီး
ပထမဦးဆုံးရင်ခုံခဲ့ရတဲ့ အမျိုးသားရဲ့ အမည်ဟာ
''ဦးငယ်'' တဲ့....

ချောတယ်...ခန့်တယ် ပြီးတော့တည်ကြည်တယ်
ဂျီ သူ့ကို ချစ်ခဲ့တယ်...သိပ်ချစ်ခဲ့ပါတယ်
ကလေးသဘာဝ ရင်ခုန်တတ်တဲ့အရွယ်မှာ
ခနတာ ရူးတာပါကွာလို့ အများကဝိုင်းပြောရင်
ဂျီလေးဟာ ဦးငယ်ကိုဘယ်လောက်ချစ်ခဲ့လဲဆိုတာ
နောက် အပိုင်းတွေမှာသက်သေပြလိမ့်မယ်...

သူ့အချစ်တွေဟာ တခမ်းတနား အများကြီး
အများကြီးပေါ့...
ခင်ဗျားတို့ကျနော်တို့ စိတ်တောင်ကူးမကြည့်နိုင်တဲ့အရာတွေ...ပေးဆပ်မူတွေနဲ့
ဂျီလေးဟာ ဦးငယ်အ​ပေါ်မှာ
ရူးရူးမိုက်မိုက်ပါပဲ
ချစ်လူမိုက် ကလေးပဲဆိုပါတော့...၊

''ဦးငယ်'' ဆိုတာက အလွန်တရာချမ်းသာကြွယ်ဝတဲ့
သူဌေးကြီးတစ်ယောက်....
နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်ခဲ့ရင်း
နှစ် 20 ကျော်ကြာမှ Korea သို့ပြန်လာခဲ့သောသူ

တည်ထောင်ထားတဲ့စီးပွားရေးလုပ်ငန်းတွေ
Hotel တွေသာမက modeling အပိုင်းထိကို
ခြေဆန့်ထားသူတယောက်
အရမ်းအထာကျတဲ့ ဘဲကြီး

ဒီဘဲကြီးမှာ ရည်မှန်းချက်တခုရှိတယ်
ဒါဟာ အကိုကြီးကို ဆုံးပါးအောင်လုပ်ခဲ့တဲ့
မိသားစုကို ပြန်ပြီးလက်စားချေမယ့်
ရည်မှန်းချက်ပဲ...

အကိုကြီးဆုံးပါးပြီးမကြာပါဘူး
ဖေဖေနဲ့ မေမေလဲ သားစိတ်နဲ့ပဲ
ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ရတာ...

လက်စားချေလိုစိတ်နဲ့ ကြိုးစားခဲ့သမျှ
စည်းစိမ်အားလုံးဟာ ဒီမိသားစုကို
ပြိုလဲအောင် လုပ်မယ်
နောင်တရအောင် လုပ်မယ်

စိတ်စေရာကို လုပ်မယ်
စိတ်ကိုအလိုလိုက်ပစ်မယ်
အဲ့ဒီမိသားစုပြိုလဲဖို့ရာ
Jeon ဘာမဆိုလုပ်မယ်....

သြော် ဒါနဲ့ Jeon ဆိုတာ
သူငယ်ချင်းတွေနဲ့ ရင်းနှီးသူအချို့ခေါ်တဲ့နာမည်ပေါ့

''ဦးငယ်'' ဆိုတဲ့နာမည်က
သူခေါ်ခဲ့တဲ့ နာမ်စားတခုပါ....။

ကဲ.... Intro လေးပါနော်
အားပေးကြပါဦး...။ 🍀

''ဦးငယ်''Where stories live. Discover now