ဦးငယ်

4.1K 279 15
                                    

ဦးငယ်
Ep13

" ဂျီဂျီ လာစမ်းးးး ! မင်းရူးနေပြီလား..."

ဆေးရုံကို ပြန်လာတဲ့ အခါ
ဖေဖေလေးက ဒေါသကြီးစွာနဲ့
ဂျီ့ လက်တွေ ကို ဆွဲကာ
အခန်းထဲသို့ ခေါ်လာခဲ့သည်...
Daddy မှာလဲ မျက်နှာမကောင်းပါ....

" ရူးနေပြီလား ဟမ် !
မင်း အမှတ်မရှိဘူးလားးး
ကိုယ့်အပေါ် မကောင်းတဲ့လူကို ဘာလို့ဒီလောက်တောင် ကပ်တွယ်နေရတာလဲ
မင်းးး အရှက်မရှိ‌ဘူးလား ဂျီဂျီ ! "

" ငယ် ... ကလေးကို ဒီလောက်
မပြောပါနဲ့ကွာ... တော်ပါတော့..."

" မောင် ဝင်မပါနဲ့ !!!
ဒီ ကိစ္စက လွှတ်ပေးလိုက်လို့ရတဲ့ကိစ္စလား
ဂျီ အခုလုပ်ခဲ့တဲ့ ကိစ္စက အခု
social media မှာ ပျံ့နေပြီ...
အကုန်လုံးက သူတို့ထင်ရာတွေ
ဆွဲတွေးပြီး
ဂျီဂျီ့ကိုပဲ အပြစ်တင်ကြရေးတာ
ဒါတွေ မောင်သိလား ! "

" ဂျီ ... တောင်းပန်ပါတယ်...
ဖေဖေ...လေး..."

" မတောင်းပန်နဲ့ !
ငါ မင်းကို တကယ်စိတ်ကုန်တယ် ဂျီဂျီ
မင်း ဘာလို့ ဒီလောက်တောင်
ပျော့ညံ့ရတာလဲ ရူးးရတာလဲ
မင်းးးးမှာ အရှက်တရားရော
ရှိသေးရဲ့လားဟမ် ... ရှိသေးးးးရဲ့လား ! "

" ငယ် ... တော်တော့ ... ''

ဂျီလေးကို ဆေးရုံသို့ လိုက်ပို့ပေးရင်း
မထင်မှတ်ပဲ ကြားလိုက်ရသော
စကားများကြောင့် Yoongi သည်
အခန်းဝမှသာ နားထောင်နေမိသည်...

သူများအတွင်းရေးကိစ္စကို စိတ်ဝင်တစား
ခိုးနားထောင်တာရယ်လို့ မဟုတ်ပေမယ့်
ဂျီလေး အကြောင်းတွေ သိရသမျှက
ရင်နင့်ဖွယ်ရာမို့
မထင်မှတ်ပဲ အာရုံ စိုက်သလို
ဖြစ်သွားခဲ့ရသည်....

ဒီကလေး ဟာ တော်တော်
သနားစရာကောင်းသည်
အချစ်ကြောင့် ဘဝတခုလုံးလဲ
ရစရာမရှိတော့ ....
သိပ်ချစ်ရသူရဲ့ အချစ်ကို မရတဲ့ အပြင်
တလောကလုံး က မဂ်လာပွဲ ပျက်ရတာ
ဒီကလေး ကြောင့်ဆိုပြီး
အပုတ်ချ ရေးကြ ပြောကြ  တော့မယ်....

လူနည်းစုလောက်သာ ဂျီလေးဘက်မှာ
ရပ်တည်ပေးမယ့် သူရှိသည်...

" ဟမ် ...! ပြောစမ်းးး ဂျီဂျီ
မင်းး ဘာလို့ ငါတို့ကိုအရှက်ခွဲရတာလဲ
ပြောစမ်းးးး ! "

''ဦးငယ်''Where stories live. Discover now