Ep1💔

9.4K 335 5
                                    

''ဦးငယ်''
Ep(1)

ဒေါက်...ဒေါက်..ဒေါက်...!

''ဝင်လာခဲ့...''

ဖတ်လက်စ စာအုပ်ကို Jeon ဘေးသို့ချလိုက်ကာ
မျက်မှန်ကိုပါချွတ်လိုက်သည်....
ဆေးလိပ်ဘူးထဲက ဆေးလိပ်တလိပ်ကို
ကောက်ဖွာရင်း
ဝင်လာမယ့် သူကိုစောင့်နေလိုက်သည်....

''မဂ်လာပါ ဆရာ...''

''ထိုင်ပါဦး''

''ဟုတ်ကဲ့ ''

အဝတ်အစားခပ်နွမ်းနွမ်းနဲ့ လူတယောက်
Jeon အရှေ့က ခုံပေါ်မှာ
​ကျုံ့ကျုံ့လေးထိုင်နေသည်...
စကားစရန်ခက်ခဲနေဟန်ဖြင့် မော်ကြည့်လာစဥ်
သောက်လက်စဆေးလိပ်ကို ထိုးချေငြှိမ်းလိုက်ပြီး
Jeon ဘက်ကပဲ​စတင် စကားစလိုက်သည်....

''ကဲ...ပြောပါဦး...''

''ဟို...ကျနော်က...
အဲ့ဒီအိမ်မှာ အနှစ် နှစ်ဆယ်လောက်
အလုပ်လုပ်ခဲ့ပါတယ် ဆရာ....
ဆရာမေးသမျှကို
ကျနော်တိတိကျကျနဲ့ မှန်မှန်ကန်ကန်
ဖြေပေးနိုင်ပါတယ်''

''တိတိကျကျ...မှန်မှန်ကန်ကန်....
ဟုတ်လား....''

''ဟုတ်ကဲ့...ဆရာ''

Jeon...ပြုံးလိုက်သည်....
ဘေးက အစောင့်တယောက်ကို အချက်ပြလိုက်တော့
ပိုက်ဆံအုပ် တအုပ်
ထိုလူရှေ့သို့ရောက်သွားခဲ့သည်...
ငါးစာပစ်လိုက်တဲ့သဘော...

ပိုက်ဆံအုပ်မြင်သည်နှင့်
သားရည်တမြားမြားကျလာသူက
ဖွက်ယူလာခဲ့သည့် photo album တခုကို
ထုတ်ကာ Jeon ရှေ့သို့ချပေးလာခဲ့သည်...

''ဒါက...?''

''သူတို့မိသားစု ဓာတ်ပုံတွေပါ ဆရာ...''

''သြော်...''

ဝိုင်ခွက်ကို Jeon ကောက်ကိုင်လိုက်သည်နှင့်
အတွေးရေးမှူးမလေးဟာ ချက်ချင်းဆိုသလို
ဝိုင်ပုလင်းကိုယူကာ ဖြည့်ပေးခဲ့သည်...
သခင်က လက်လူပ်လိုက်တာနဲ့
ဘာကိုလုပ်ပေးရမလဲ သိနေတာမျိုး...
အင်အားကြီးသူ Jeon အနေက
ဒါတွေဟာ ထူးဆန်းမနေပါ.....

''မင်း သောက်ဦးမလား...''

''ကျ..ကျနော်  မသောက်တော့ဘူး ဆရာ''

''Okay...''

album ထဲမှာတွေ့ရတဲ့ မိသားစုဓာတ်ပုံတွေ
အသေးစိတ်ကို သတိထား၍
Jeon ကြည့်နေခဲ့သည်...
ပျော်နေကြတာပဲ...
အပြုံးတွေ....သာယာမူတွေ....
အကုန်လုံးက ဖျက်ဆီးပစ်ချင်စရာတွေ....

''ဦးငယ်''Where stories live. Discover now