ဦးငယ်

4.2K 290 18
                                    

ဦးငယ်
Ep10

နာကျင်ခဲ့ရတဲ့
အေးစက်စက်ဆောင်း ညတွေဟာ
သိပ်လိုရှည်လျှားပြီး
ကြောက်ဖို့‌ကောင်းခဲ့တယ်....
မှောင်မိုက်နေတဲ့ အခန်းငယ်ထဲ
တယောက်ထဲ ကြိတ်ငိုရင်း
ဖြတ်သန်းခဲ့ရတဲ့ အချိန်‌တွေ....
ရင်နဲ့ မဆံ့အောင် ခံစားခဲ့ရတဲ့ အချိန်တွေ
ပြန်တွေးမိလိုက်တိုင်း ရင်ထဲမှာ
တနင့်တပိုး....
ဖေးမကူမယ့် လက်တဖက်ရယ်လို့
မရှိခဲ့ဘူး ရရှိခဲ့ ခြင်းဟာ
အမုန်းတွေပဲ....

ကိုယ်ကချစ်သလောက် ပြန်ရလိုက်တာ
အမုန်းတွေပဲ....
"မဆုံသောလမ်း" တဲ့
တကယ်ကို မဆုံစည်းနိုင်ခဲ့တဲ့ လမ်းကိုမှ
ရွေးချယ်လျောက်ခဲ့မိတာ....

အထီးကျန်ရတဲ့နေ့တွေ ညတွေ...
သိပ်ကို ရှည်လျားခဲ့တာပေါ့...
အချစ်မခံရတဲ့ ဘဝ
အချစ်တွေပေးတိုင်းပြန်မရတဲ့အခါ
အရူးလိုအပင်ပန်းခံဆွဲထားမိတဲ့
ကိုယ့်ဘဝကြီးကိုလဲ စိတ်ပျက်လာပြီ...
အားငယ်လာပြီ...

အရမ်းပင်ပန်းနေပြီမို့
အကုန်လုံးကိုစွန့်ပစ်လိုက်ချင်ပြီ...။

........................................။

"မ..ထားခဲ့ဖို့ အနူးအညွတ်  ဂျီလေး
တောင်းပန်ပါတယ်...
ဂျီ့ကို မုန်းရင် ကြိုက်တဲ့ အပြစ်ပေးပါ
ခံယူပါ့မယ်...ဦးငယ်ရယ်...
မဝေး ...လိုက် ပါ..ရစေနဲ့....
ဂျီ ...ဦးငယ်နဲ့ မခွဲ...နိုင်...ဘူး..."

"ဟ...! မင်း တကယ်ပဲအရှက်မရှိ
တော့တာလား...ဒီလောက်နဲ့ပဲ ကပ်တွယ်တာကို ရပ်လိုက်တော့... ငါ့ကိုလွှတ်...!!!"

လွတ်ထွက်သွားမှာ ကြောက်လို့
တုန်တုန်ရီရီနဲ့ ဆွဲထားခဲ့မိတဲ့
လက်ကလေးတွေ...
ကြမ်းတမ်းစွာ သူ ဖြုတ်ချနေတဲ့ကြားက
အနာခံပြီး မလွှတ်တမ်းဆွဲထားခဲ့မိတယ်...
အရူးလိုပဲ အရှက်တွေလဲမရှိတော့ဘူး
မာနတွေလဲ ဘယ်ဆီရောက်ကုန်မှန်းမသိ...
အော်...မေ့လို့ သူ့အတွက် မာနဆိုတာ
တခါမှာမှ  မထားခဲ့ဖူးပဲ....

မကြင်နာသူကိုမှ နှစ်နှစ်ကာကာတဲ့...
နှလုံးသားက....
ရက်စက်ချင်သူကိုမှအရူးလိုချစ်မိတာလေ

"လွှတ်စမ်းးးးး "

အ......!

လက်တွေကို အတင်းခါချပြီး
ပုခုံးမှ ဆွဲကိုင်၍
အားနှင့် ပစ်တွန်းလိုက်တဲ့အခါ
ကုတင်ခြေရင်းအောက် ခွေခနဲ
လဲကျသွားခဲ့သည်....
ဦးငယ် ဟာ ဒီလောက်ကြီးထိ
ရက်စက်နိုင်ခဲ့ပါတယ်....

''ဦးငယ်''Where stories live. Discover now