ဦးငယ်

4.3K 279 6
                                    

"ဦးငယ်"
Ep (5)

"ဂျီလေး ဘာမှလဲ မစားပါလား
မကြိုက်လို့လား..."

ကျောင်းနဲ့ သင်တန်းလောက်သာ
ရောက်ဖူးတဲ့ ဂျီလေးအတွက်
ဦးငယ် ခေါ်လာပေးတဲ့ စားသောက်ဆိုင်ဟာ
ပထမဦးဆုံးပြောလို့ရခဲ့ပါတယ်
အရာရာဟာ ဒီလူနဲ့တွေ့မှ ပထမဦးဆုံး
ဖြစ်တည်လာခဲ့တာမျိုး

ပုံမှန်ဆို ကျောင်းတရက်မှ မပျက်ခဲ့ဖူးသူဟာ ဦးငယ်နဲ့တွေ့ချင်လွန်းလို့ လူကြီးတွေမသိအောင် အရဲစွန့်ခိုးထွက်ခဲ့ရသည်
တကယ်တမ်းတွေ့တော့လဲ ဂျီလေးဟာ ဘာပြောရမှန်းမသိခဲ့...
ချစ်စကားတွေ ဦးငယ်သိအောင်ပြောပြချင်ပေမယ့်လဲကြောက်နေတဲ့အခါ
လက်ကလေးတွေ‌ပင် ချွေးစို့လာခဲ့သည်...

"ချာတိတ်...ဘာတွေ စဉ်းစားနေတာလဲ"

"ဗျာ... ဘာမှ မစဉ်းစားပါဘူး"

" ဦးငယ် ဆိုင်ပြောင်းပေးရမလား
ဂျီ မကြိုက်ရင်..."

"မ မဟုတ်ဘူးဦးငယ်
ဂျီ ဦးငယ်ကို ပြောစရာရှိလို့...ပါ.."

"ပြောလေ ဘာပြောမလို့လဲ"

ရင်တွေ အရမ်းခုန်နေခဲ့တယ်
အရူးလိုပဲ ....
နှလုံးခုန်သံတွေ သိပ်မြန်လွန်းလို့ ရူးသွားမယ်လို့တောင်ထင်နေမိတယ်....
ဦးငယ် ဆိုတာ အဲ့လောက်ထိ
ဂျီလေးကို ရူးစေခဲ့တာ
ဆယ်ကျော်သက်အရွယ် နုနယ်တဲ့
နှလုံးသားလေးဟာ
ဦးငယ်ရဲ့ ခြေရင်းမှာမှ
ဆင်းသက်ချင်သတဲ့ တားမရဆီးမရပဲ....

"ဟို ဂျီ ဂျီလေ ဦးငယ်ကို သဘောကျလို့"

အရဲစွန့်ပြောလိုက်မိတဲ့ စကားလေးတခွန်း
ကြောက်နေလို့ အသံ‌တွေပင် တုန်နေခဲ့တာ
မျက်စိစုံမှိတ်ကာ ပြောချလိုက်ပြီး
မျက်လုံးချင်းလဲ မဆိုင်ရဲခဲ့
နှလုံးခုန်သံကို ပင် ပြန်ကြားရလောက်တဲ့ထိ
ရင်တွေ ခုန်နေခဲ့တာ
ဦးငယ်ဟာ ယောင်္ကျား‌ေလးအချင်းချင်း
မကြိုက်ဘူးဆိုပြီး ငြင်းလိုက်မှာ ကို
ဂျီ‌ကြောက်လိုက်တာ....

လက်‌တွေတုန်လာခဲ့သလို
ငိုချ‌မိတော့မလိုကြီး
အားနည်းချက်ကို
အကြောင်းပြုပြီး
ငြင်းများငြင်းလိုက်ရင် ‌တွေ့ခွင့်တောင်
ထပ်ရပါတော့မလား
မတွေးတတ်တော့ပါ....

''ဦးငယ်''Where stories live. Discover now