ဦးငယ်

4K 278 24
                                    

ဦးငယ်
Ep12

"ထွက် သွားးစမ်းးးးး "

ခန်းမထဲမှ ဟိန်းထွက်လာသော
အသံနက်ကြီးနဲ့ အတူ အားလုံးရဲ့
အကြည့်တွေဟာ
ထိုနေရာသို့ တပြိုင်နက်ထဲ
စုပြုံရောက်သွားကြသည်.....

Yoongi သည်လဲ ခန်းမထဲက
တနေရာမှာပဲမို့ အသံလာရာဆီသို့ အများနည်းတူပင် စိတ်ဝင်တစား
ကြည့်လိုက်မိသည်...

ဒေါသကြီးစွာအော်လိုက်သူက
သတို့သား Jeon ....
သတို့သမီးက တော့
ဘေးမှာရပ်နေလေ သည်....
ခန်းမထဲကလူတွေဆီက ဟိုတစ ဒီတစ
တီးတိုးပြောဆိုသံတွေနဲ့ အတူ
နောက်ကျောပြင် သေးသေးလေးတခုကို
တွေ့လိုက်ရတာကြောင့်
ရင်ထဲ ထိတ်ခနဲ....
ဆေးရုံဝတ်စုံနဲ့ ဆိုတော့
သူ ကူညီပေးခဲ့တဲ့ ကောင်လေးများလား....

လူတချို့ ကိုတွန်းတိုက်ကာ
ရှေ့သို့ သွားကြည့်မိတော့
ဟုတ်ပါသည်....
ထိုကောင်လေးပဲ....

"ဦး....ငယ်...ဂျီလေးကို
ဒီ လို မလုပ် ... ပါနဲ့ "

ဒူးထောက်တော့ မတပ်
တောင်းပန်ကာ အကျီစကို မရဲတရဲလေး
ဆွဲထား‌သော လက်ကလေးတွေကို
Jeon ဟာ ကြမ်းကြမ်းတမ်းတမ်းပဲ
ဖြုတ်ချခဲ့သည်....
ဘယ်လိုပဲ တောင်းပန်ပါစေ
Jeon ဟာ လက်မခံခဲ့....
တချက်ပင် ကြည့်မပေးခဲ့ပါ...

နောက်ဆုံးတော့ တောင်းပန်နေရသူကသာ
အရူးလိုပဲ....
အကုန်လုံးရဲ့ အကြည့်တွေကလဲ
ဂျီလေးဆီမှာသာ စိတ်ဝင်တစား
ရှိနေကြသည်....

"နင့်ကို ထွက်သွားးလို့ ပြောနေတာ
မကြားဘူးလား
ဟဲ့ ... လုံခြုံရေးတွေ လာကြစမ်းးးးး
ဆွဲထုတ်သွား ကြ သူ့ကို !!!"

Rosie ရဲ့ ကြိမ်းမောင်းအော်ဟစ်သံအဆုံး
တံခါးဝမှ လုံခြုံရေးတချို့ ဟာ
ပြာပြာလဲလဲ ပြေးလာကြကာ
အင်အားသုံးဆွဲခေါ်ထုတ်ရန်
ဟန်ပြင်လာကြသည်....

"ဟင့်အင်း.... ! လွှတ်ကြစမ်းးးး !
ငါ့ကို မထိကြနဲ့ ... လွှတ် ...! "

အများနဲ့ တယောက်ဆိုပေမယ့်လဲ
ဂျီ‌လေးဟာ အားမလျော့ခဲ့....
အတင်းကန်ကျောက်ကာ
ရုန်းကန်နေသည်မို့
လွယ်လွယ်လေးနဲ့ ခေါ်လို့ မရခဲ့ပါ....

"လွှတ်ကြစမ်းးးး ! ဦးငယ်
ခင်ဗျား ကျနော့်ကို ဒီလို လုပ်လို့ မရဘူး...
ခင်ဗျားပဲ ကျနော့်ကို ချစ်တယ်လို့
ပြောခဲ့တာလေ.... ‌ေ စာက်ရူးလို
ခင်ဗျားကို ချစ်ခဲ့မိတာတွေ အတွက်
ပြန်ရတာ က ဒါလား ....ဟမ် ...
ဒါပဲလားးးး
သစ္စာမဲ့ လိုက်တဲ့ လူ
မချစ်ပဲနဲ့ များ ဘာဖြစ်လို့
ငါနဲ့ အတူနေခဲ့သေးလဲ ဟမ် !
ဦး လူကြီးလူကောင်းကြီးရဲ့ ...."

''ဦးငယ်''Where stories live. Discover now