Ep3💔

5.1K 282 8
                                    


''ဦးငယ်''
Ep(3)

''ကျေး..ကျေးဇူးတင်ပါတယ် ခင်ဗျ''

ကျေးဇူးစကားကို မျက်နှာကြည့်ပြီးမပြောရဲခဲ့...
ချောလွန်းလှတဲ့ မျက်နှာ
စိုက်ကြည့်နေတဲ့ စူးရှရှမျက်လုံးတွေ....
အကုန်လုံးက ရူးချင်စရာတွေချည်း...

''ရပါတယ်...စက်ဘီးကတော့ သစ်ပင်အောက်မှာ
မင်း အဆင်ပြေရဲ့လား...
မျက်နှာကနည်းနည်း ဖြူနေသေးတယ်''

''ဟုတ်..ရပါတယ်''

''ကိုယ် ဘယ်ကိုလိုက်ပို့ပေးရမလဲ....''

''ဗျာ..''

''မင်း စက်ဘီးနင်းနိုင်မှာ မဟုတ်ဘူးလေ...
အဲ့ဒါ ဦးငယ် လိုက်ပို့ပေးမယ်''

ဦးငယ်...ဦးငယ်တဲ့...
ရင်တွေခုန်တာ မတန်တဆ
ဘာတွေထရူးနေလဲမသိပါဘူး...
နွေဦးမို့များ လေရူးတွေတိုက်ပြီး ဂျီရူးသွားပြီလားမသိ
ဘာဖြစ်နေရတာလဲ...

''ဟေ့...ဘာတွေတွေးနေတာလဲ...
ဦးငယ် ကားနဲ့မလိုက်ချင်လို့လား''

''မ..မဟုတ်ပါဘူး... ဂျီ လိုက်ချင်ပါတယ်''

လှသားပဲ....
ဓာတ်ပုံထဲမှာထပ်အပြင်မှာ ပိုလှတယ်...
ချစ်စရာလေး...အဖြူထည်လေးနေမယ်...
တကယ့် အူကြောင်ကြောင်လေးပဲရှိသေးတာ...ဟု
Jeon ကောက်ချက် ချလိုက်မိသည်...
တလက်စထဲ ခေါင်းထဲဝင်လာသည်က
ဒါ Jeon ရဲ့ သားကောင်ငယ်လေး...
လက်စားခြေရမယ့် မိသားစုရဲ့ မျိုးဆက်...

အဖြူထည်လေး နေနေ ဘာနေနေ
အကိုကြီးအတွက် Jeon ဒီကလေးကို
အသုံးချရမယ်....

''ကဲ..ပြော ဒါဆို ဘယ်သွားမလဲ''

''အိမ်...ဂျီ အိမ်ပဲပြန်တော့မယ်''

''စက်ဘီးကရော''

''ဒယ်ဒီ ယူပေးမှာပါ...ဟို...ဂျီ ဒီက ဦးလေးကို
ဦးငယ်လို့ပဲခေါ်ရမလားဟင်''

''သဘောလေ ဂျီ အဆင်ပြေသလိုခေါ်ပါ''

''ဟုတ်''

ကားပေါ်က ခပ်သင်းသင်းရနေသည်က
ဂျီ သိပ်ကြိုက်တဲ့ ရေမွှေးနံ့...
အရမ်းလဲမပြင်းပဲ.... သင်းသင်းလေးမို့
အရမ်းကြိုက်တာလေး....ဦးငယ်လဲ
ဒီအနံ့ကို ကြိုက်တယ်ထင်ပါရဲ့...

ကားမောင်းနေတာကို ခိုးကြည့်မိတော့
ဂျီ ရင်တွေခုန်လိုက်ရတာ...
ပြောတောင်မပြတတ်တော့ဘူး...
ပြသာနာပဲ....

''ဦးငယ်''Where stories live. Discover now