ဦးငယ်

4K 284 29
                                    

ဦးငယ်
Ep 9

ဆယ်ကျော်သက်အရွယ်
ကလေးသာသာလေး အချစ်ဆိုတာကို
သေသေချာချာ ဘာမှန်းမသိရှိသေးတဲ့အရွယ်လေး....
လူငယ်ဘဝကို စိတ်ကြိုက်လွတ်လပ်စွာ
ဖြတ်သန်းခွင့်ရှိသော ပုံဖော်ခွင့်ရှိသော
အရွယ်ကောင်းလေး....
တတ်လမ်းတွေအများကြီး ရှိပြီး
သူဖြစ်ချင်တာကို စွမ်းဆောင်နိုင်
လုပ်နိုင်နေတဲ့ အချိန်တခုမှာ....

အချစ်ဆိုတာကြီးကို သူ့ဘဝလို့
မှားယွင်းသတ်မှတ်ပြီး လူတစ်ယောက်ကို
နှစ်နှစ်ကာကာ ချစ်မိခဲ့တယ်...ဒါပေမယ့်
သူပေးဆပ်ခဲ့ရတာတွေနဲ့ မတန်တဲ့
ဒဏ်ရာတွေသာ ပြန်ရချိန်

ဒီကလေးလေးဟာ အကျိုးဆက်တွေကို
ခံနိုင်ရည်ရော ရှိပါ့မလား....
ဒဏ်ရာဆိုတာ တခါပေးရင်
ပြန်ကုစားရလွယ်ပေမယ့်
ခနခနပေးလာတဲ့ အခါ
ဒဏ်ရာနက်ရင်နက်သလို
နာကျင်ရ ...ကျိတ်ငိုရ...
အလျော့ပေးလိုက်ရနဲ့....
သိပ်ချစ်တဲ့သူဖြစ်နေတော့လဲ သူ့ခမျာမယ်
မမုန်းရက်နိုင်ခဲ့ဘူး...မမုန်းရက်လိုက်နိုင်ဘူး

ချစ်လွန်းတဲ့ အခါ
ငယ်လွန်းတဲ့ သူ့အရွယ်လေးနဲ့မှမလိုက်
ကြိတ်မှိတ်သည်းခံပေးဆပ်ခဲ့ရတာတွေကို
ဦးငယ် ကသိရက်နဲ့
လက်မခံပေးခဲ့ပါဘူး
ဒီကလေးလေးဟာ အချစ်မခံခဲ့ရဘူး.....💔

.....................................။

"ဦးငယ်..."

Rosie နဲ့ လက်ထပ်ပွဲအတွက်
လက်ထပ်လက်စွပ်ကူရွေးပေးနေစဉ်
အခန်းဝမှ လှမ်းခေါ်လိုက်သော
ဂျီလေးကြောင့် laptop ကို
အမြန်ပိတ်လိုက်ရသည်...

"အလုပ်လုပ်နေတာလားဟင် ဂျီ နှောင့်ယှက်မိသွားလား..."

အလောတကြီး ပိတ်ချလိုက်တာကြောင့်
အလုပ်များနေတယ်ထင်ကာ မဝံ့မရဲလေး
မေးလာခဲ့သည်...

"မဟုတ်ပါဘူး ...ကိုယ် ဒီအတိုင်း
စရင်း စစ်စရာရှိလို့ ..."

"ဂျီ အောက်မှာ နေနေရင်းနဲ့ ဦးငယ်ကို
လွမ်းလာလို့ ...ဦးငယ် အလုပ်များနေရင်
ဂျီ ပြန်ထွက်သွားပေးမယ်လေ..."

"မဟုတ်တာ... ရပါတယ်...ကိုယ်လဲ
ပြောစရာရှိတယ်
ဒီ ဘေးမှာလာထိုင်"

ဝင်မထိုင်သေးပဲ
ကုတင်ဘေးမှာ ရပ်နေသာ
ကောင်လေးရဲ့ လက်အား
ခပ်ဖွဖွဆွဲယူကာ ထိုင်ခိုင်းလိုက်တော့
မျက်လုံးလေးတွေ မှိတ်ကျသွားအောင်
ပြုံးနေခဲ့သည်...

''ဦးငယ်''Where stories live. Discover now