ဦးငယ် ( extra episode)

2.9K 177 17
                                    


ဦးငယ်
Extra episode

နွေဦးအစမို့ ရာသီဥတုဟာ
အလွန်ပင် သာယာလှပလျက်ရှိသည် ...
ကိုရီးယား ရဲ့ အလှအပ ဟာလဲ
နွေဦးဆို ခါတိုင်းထပ် ပိုပြီးလှတာလေ .....

လမ်းမကြီးထပ်မှာ စည်ကားလျက်ရှိပြီး
Cafe shop တိုင်းမှာလဲ
Laptop နှင့်အလုပ်လုပ်နေကြသူများ
စာလုပ်နေကြသော
ကျောင်းသားကလေးများ နှင့်
အရာရာဟာ ပုံမှန်လည်ပတ်နေခဲ့ ပါသည် ...

" ဂျီလေး ... "

အမှတ်မထင် ကြားလိုက်ရတဲ့ အသံက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က
တစ်စုံတစ်ယောက်ရဲ့ နွေးထွေးစွာ
သုံးနှူန်းခေါ်ခဲ့ ပုံနဲ့ ဆင်နေတဲ့ အခါ
မယုံကြည်နိုင်စွာ ချာခနဲ
လှည့်ကြည့်လိုက်မိသည် ....

သူလား.... ဆိုတဲ့  အသိနဲ့ ....
မဖြစ်နိုင်ဘူးဆိုတာ သိပါလျက်နဲ့ ....
တစ်ရာခိုင်နူန်းတောင်
မဖြစ်နိုင်ပါသော်လည်း
မျှော်လင့်ချက်မျက်လုံးလေးတွေဟာ
ထိန်းမရအောင် လူပ်လူပ်ရှားရှား....

ဦးငယ် ရယ် .....
ခင်ဗျားကြီး သိပ်ဆိုးတာပဲ ...
သံသရာ တကွေ့မှာ ပြန်‌ဆုံတွေ့ဖြစ်ခဲ့ရင်
ခင်ဗျား မရှိတော့တဲ့ နောက်ပိုင်း
ကျနော် ဘယ်လောက်ရုန်းကန်
နေထိုင်ခဲ့ရလဲဆိုတဲ့
‌အကြောင်းတွေကို ခင်‌ဗျားသိအောင်
ပြန်ပြောချင်စမ်းပါဘိ ....

" ဂျီလေး ... ကိုယ်ကို့....
မမှတ်မိတော့ဘူးလား ..."

လေးနှစ်ကျော်လောက်သာ ရှိသေးသော
ကလေးလေး...
လက်ထဲမှာ နို့ဘူးလေး ကိုင်ပြီး
ကိုယ့် ကို ရင်းနှီးစွာ
စကားတွေလာပြောနေပုံဟာ
သိပ်ချစ်စရာ ....

ဒါနဲ့ ဒီမျက်နှာကျဟာ
တစ်ယောက်ယောက်နဲ့ ဆင်နေသလိုလို

ဂျီ စိတ်ထင်တာပဲ နေမှာပါ ....
ကလေးတစ်‌ယောက်ဟာ
ဂျီလေး တွေ့ခဲ့ဖူးတဲ့
သိပ်ကိုတည်ငြိမ်ရင့်ကျက်ခဲ့သူနဲ့ ဘယ်လို တူနိုင်ပါ့မလဲ ...

" ကလေးလေး ....အကို့ ကိုသိလို့လား "

" သိတာပေါ့ ကလေးရယ်
ကိုယ် မင်းကို ဘယ်လို မေ့လို့ ရမှာတဲ့လဲ "

ကလေးတစ်ယောက်နှင့် မတူ
စကားအပြောအဆိုတွေဟာ
သိပ်ကို ထူးခြားလွန်းနေတာမို့
ဂျီ ကြောင်တောင်တောင်လေး
ဖြစ်ကာသွားသည် ....

''ဦးငယ်''Where stories live. Discover now