ဦးငယ်

4.1K 274 23
                                    

ဦးငယ်
Ep 8

"ဂျီလေး..."

အပြင်မှာညလေအေးတွေဟာ ခပ်ဖြူးဖြူး
တိုက်ခတ်နေခဲ့တယ်....
အလွန်သာယာတဲ့ တောင်ပေါ်ဒေသလေးမို့
ညရူခင်းရဲ့ အလှဟာ အလွန်
ရင်သတ်ရူမောဖွယ်ပင်....

မီးမှိန်မှိန်ရဲ့အောက်
တနေရာသို့ ခပ်ဆွေးဆွေးလေးငေးနေတဲ့
ကလေးတယောက်ရဲ့ အနား
ခပ်ဖွဖွ တိုးကပ်သွားကာ
အနောက်မှ သိုင်းဖက်လိုက်တဲ့ ခန
အထိအတွေ့တွေကို မရင်းနှီးသေးတဲ့
ကိုယ်ငယ်လေးဟာ တုန့်ခနဲ...

"ဘာတွေ ငေးနေတာလဲ ကလေးလေး...
အိမ်ကို လွမ်းလို့လား..."

"ဖေဖေလေး ဂျီ့ ကို အရမ်းစိတ်ဆိုးနေ
မလားမသိဘူးနော် ဦးငယ်....
ခုချိန်လောက်ဆို daddy ရော
ဖေဖေလေးပါ အပူတပြင်းရှာနေကျ
လောက်ပြီ...."

"လူကြီးတွေက အချိန်တန်ရင်
နားလည်ပေးမှာပါ ...ဂျီ လေးက
နောင်တရနေပြီလား...ဦးငယ် နောက်
လိုက်ခဲ့ရတာ..."

"ဟင့်အင်း...အဲ့လိုပြောတာမဟုတ်ပါဘူး
အိမ်နဲ့ မခွဲဖူးတော့
ဖေဖေလေးနဲ့ daddy ကို သတိရလို့ပါ..."

"ဦးငယ် က အချစ်တွေပိုပေးမှာပေါ့ကွာ
လာခဲ့  ဒီကို..."

ပုခုံးကို ခပ်ဖွဖွလေးဆွဲလှည့်ကာ
မျက်နှာချင်းဆိုင်ပြီး မျက်နှာလေးကို
ခပ်ကြာကြာလေး စိုက်ကြည့်တော့
သူမနေတတ်...
ရင်ခွင်ထဲ ခေါင်းလေးတိုးကာ
မျက်နှာလေးကို ဖွက်ထားခဲ့သည်....

လုပ်ယူထားခြင်း တစက်မှမပါ...
တကယ့် အဖြူထည်လေးမို့
အပြုအမူလေးတိုင်းဟာ ဖြူစင်စွာ
ချစ်ဖို့ကောင်းနေခဲ့ပါသည်.....

"ရှက်လို့လား..."

"အင်း..."

"ခနနေရင်ပဲ ကိုယ့်အပိုင်ဖြစ်တော့မှာကို
ရှက်တုန်းလား.."

"ဦးငယ်ကို ချစ်လွန်းလို့သာ
ဂျီ လိုက်ခဲ့ရတာ...နေရာက
အရမ်းစိမ်းနေတာမို့ ကြောက်နေတယ်..."

"ဦးငယ်ကို ယုံပါ ...
ဂျီလေးကို ကိုယ်က နာကျင်အောင်
လုပ်ပါ့မလား..."

မျက်နှာလှလှလေးကို ခနမျှ
စိုက်ကြည့်ပြီးနောက် ခန္ဓာယ်ကိုယ်
သေးသေးလေးကို ရင်ခွင်ထဲ
ဆွဲသွင်းထားလိုက်သည်...
အတည်မဟုတ်တဲ့ ကတိ‌တွေ ပေးရတာလဲ
Jeon အတွက် ခက်လိုက်တာရယ်....

''ဦးငယ်''Where stories live. Discover now