ဦးငယ်

4.3K 268 27
                                    

ဦးငယ်
Ep19

" ဂျီဂျီ မင်းးးးးး !!! "

မျက်နှာတစ်ခုလုံး စီးကျလာတဲ့
သွေး‌တွေနဲ့ နီနီရဲသွားခဲ့သည်.....
Jeon ဟာ  စိတ်လွတ်သွားခဲ့တဲ့ ခန...
ဒေါသစိတ်နဲ့ အော်ချလိုက်တော့
တဖက်က ခန္ဓာကိုယ်သေးသေးလေးခမျာ
လန့်ပြီး တုန်ခနဲ....
မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့
မော့ကြည့်လာခဲ့တော့ Jeon ဟာ
ဘာမှဆက်ပြီး မပြောနိုင်တော့ပါ ....

" ဂျီဂျီ မင်းတော့ ငါ...
အလျော့ပေးနေတာကို..."

"မပေးနဲ့ပေါ့ ... ဘယ်သူက
အလျော့ပေးခိုင်းလို့လဲ
ဘယ်သူကရော ခင်ဗျားနဲ့
ထပ်ပြီး ပတ်သတ်ချင်ပါတယ် ပြောမိလို့
လာပြီး ပတ်သတ်နေရတာလဲ !!! "

လက်သီးဆုပ်သေးသေးလေးတွေက
ရင်ဘတ်ကြီးပေါ် တဘုန်းဘုန်း
ကျရောက်လာခဲ့သည်...
သံကုန်ခြစ်အော်ပြီး မျက်လုံးစုံမှိတ်
ထုရိုက်သမျှ ကြိတ်မှိတ်ခံတဲ့သူကလဲ
ခံတာပဲ...ဘာမှ မတုန့်ပြန်ခဲ့ ..

Club ထဲမှ လူတွေကလဲ စိတ်ဝင်တစားနဲ့
ဘာဆက်ဖြစ်မလဲဆိုတာကိုစိတ်ဝင်တစား
ဝိုင်းကြည့်နေကြသည်....

" ဟဲ့ အဲ့ဒါ... Rosie တို့ လက်ထပ်ပွဲကို
ဖျက်ခဲ့တဲ့ ဟို ကောင်လေးမဟုတ်လား..."

" သတင်းတွေထဲတောင်
ဟိုးလေးတကျော်ကျော်နဲ့ ... ဘာလဲ
သူတို့နှစ်ယောက်က ခုထိ
တွဲနေကြတုန်းပဲလား..."

" သူများယောက်ျားကိုမှဟယ်...
ဟိုကောင်ကလဲ သူမှသူ ဖြစ်နေပြီ..."

ဝိုင်းကြည့်နေကြသည့် လူအုပ်ကြီးထဲမှ
စကားသံ ဆယ်ခွန်းမှာ ကိုးခွန်းလောက်က
ဂျီလေးကို အပြစ်တင်
ပြောဆိုနေကြတာတွေဖြစ်နေသည်...
ဘာမှမသိသူ‌တွေကတော့ Rosie မဂ်လာပွဲ
ပျက်ရတာဟာ ဂျီလေးကြောင့်ပဲလို့
ထင်မြင်နေ ကြဆဲ....
Media တွေကလဲ ဒီလိုပဲရေးတင်ထား
ကြတာပဲမို့ အားလုံးရဲ့ ပြစ်တင်ပြောဆိုသံတွေဟာ ဂျီလေး ဆီမှာပဲ....

တကယ်နစ်နာသူက ဘယ်သူလဲဆိုတာ
သေချာမသိပဲ တီးတိုး ပြောချင်တိုင်း
ပြောနေကြသည့် စကားသံတွေကြောင့်
ဂျီလေး မျက်နှာတစ်ခုလုံး
ရှက်စိတ်ရော မခံချင်စိတ်တွေပါ
ပေါင်းပြီး ရဲတတ်လာခဲ့သည်...

''ဦးငယ်''Where stories live. Discover now