ဦးငယ်

4.5K 291 22
                                    

ဦးငယ်
Ep 17

" ဂျီလေး..... "

" ပြန်လာပြီလား ကိုကြီး...."

ညအိပ်ဝတ်စုံနဲ့ လှချင်တိုင်းလှနေတဲ့ ကောင်လေးဟာ အပေါ်ထပ်ကနေ
အပြေးတပိုင်းလေး‌ ပြေးဆင်းလာခဲ့သည်
ပြင်ဆင်စရာ ဘာမှမလိုသော အလှနဲ့
သူဟာ အရုပ်လေးတစ်ရုပ်လို
သိပ်လှတာပဲ....
အခုမှ ရေချိုးပြီးကာစ ထင်ပါရဲ့
ရေမွှေးနံ့ ခပ်သင်းသင်းလေးအစား
ရေချိုးဆပ်ပြာနံ့လေးက သင်းနေသည်....

" ဂျီ့ ကို အိတ်ပေး..."

Yoongi လက်ထဲမှ အိတ်ကိုဆွဲယူကာ
အလှဆုံး ပြုံးပြနေတဲ့ ကောင်လေးကို
ကြည့်ရင်း တနေ့တာအမောတွေ
ပြေလာသလိုလို....

ပြသာနာတွေအများကြီး ဂျီလေးဆီမှာ
ဖြစ်ပြီးတဲ့နောက် Yoongi ကပဲ
ဂျီလေးကို ခေါ်ထားခဲ့သည်....

ချစ်တာတွေလဲ ဖွင့်မပြောပြခဲ့ရက်ပါဘူး
သူ့ အတွက် အားကိုးတကြီး
ဖက်တွယ် ခဲ့ရတဲ့ အခြေအနေတွေကို
အသုံးချပြီး သိမ်းယူလိုက်ဖို့
မစဉ်းစား ရက်နိုင်ခဲ့ဘူး....

Yoongi ဖွင့်ပြောရင် ဂျီလေးက
မငြင်းပဲ တန်းလက်ခံမှာ သိပေမယ့်
သူ့ စိတ်ကလေးကို အနှောင်အဖွဲ့တွေနဲ့
မနေစေချင်ဘူး....

လူကြီးတစ်ယောက် အနေနဲ့ ပဲ
နွေးနွေးထွေးထွေး သူလိုအပ်တာ
ဖြည့်ဆည်း‌ရင်း နေပေးခဲ့သည်....

အလုပ်တစ်ခုလိုချင်တယ် ဆို၍လဲ
သူငယ်ချင်း တစ်ယောက်ဆီမှာ
ပြောပေးတော့ ....
ထက်မြက်လှတဲ့ ဂျီလေးရဲ့
ပါးနပ်မူကြောင့်
ချက်ချင်းပဲ အလုပ်ရခဲ့သည်....

" အလုပ် မှာ အဆင်ပြေရဲ့လား ဂျီလေး"

" ဟုတ်... ပြေပါတယ်...
ကိုကြီး ဘာစားမလဲ ... ဂျီ
ပြင်ပေးမယ်လေ"

" နေပါစေ.... ကိုယ် စားခဲ့ပြီးပြီ
ဂျီလေးရော ... ထမင်း ပုံမှန်စားရဲ့လား
အလုပ်များတယ်ဆိုပြီး မစားပဲ
နေတာတော့ မဟုတ်ပါဘူးနော် "

" မဟုတ်ပါဘူး ကိုကြီးရဲ့
ဂျီလေး ကိုယ့်ကိုကိုယ် ဂရုစိုက် ပါတယ် "

" အင်း ... ဟုတ်ပါပြီ .... "

" မအိပ်ခင် နွားနို့လေးတော့
သောက်လိုက်နော် .... ဂျီ
ပြင်ပေးမယ် "

''ဦးငယ်''Where stories live. Discover now