ဦးငယ်

4.1K 261 19
                                    

ဦးငယ်
Ep 7

"Only love can hurt like this"
အချစ်ကသာလျှင်
အရူးလို နာကျင်စေနိုင်တာပါ....💔

....................................။
"ဆရာ ဂျီလေး ရဲ့ အုပ်ထိန်းသူဆိုတဲ့
အမျိုးသားတယောက်က ဆရာနဲ့
‌တွေ့ချင်လို့ပါဆိုပြီး ရောက်နေပါတယ်"

အရေးကြီးစာချုပ်တွေ
လက်မှတ်ထိုးနေစဉ် အတွင်းရေးမှူးဆီက
ရုတ်တရက်ကြားလိုက်ရသော စကားကြောင့် ဘောပင်ကိုင်ထားသော
လက်မှာ တုန့်ခနဲ....

တနေ့နေ့တော့ ထိပ်တိုက်တွေ့ကြရမှာမှန်း
သိပေမယ့် ဒီလောက်မြန်မြန်ကြီးတော့
မဟုတ်သေးဘူးလေ
မထင်မှတ်ထားတဲ့
အချိန်မှာရောက်လာခဲ့တာမို့
ဘယ်လိုတုန့်ပြန်ရမှန်း မသိပဲ
ဝေခွဲရခက်နေခဲ့သည်...

"ဆရာ မရှိဘူးလို့ပြောပေးရမလား"

"နေ...၀င်လာပါစေ"

"ဟုတ်ကဲ့"

လာတဲ့သူက လာသေးတာပဲ
ဘာမတွေ့ရဲစရာ ရှိလဲ
မတွေ့ရဲရအောင်လဲ အပြစ်လုပ်ထားတာ
ကိုယ် မဟုတ်...
လာတဲ့သူကလာတော့လဲ
ကြိုဆိုပေးရမှာပေါ့...
စိတ်ကို အရမ်းမလူပ်ရှားနေအောင်ထိန်းပြီး
စောင့်နေလိုက်သည်....

ရုံးခန်းတံခါးပွင့်လာပြီးနောက်
အတွင်းရေးမှူးမလေးနဲ့ အတူ
ဝင်လာခဲ့တဲ့ အမျိုးသား
ခပ်ချောချောတစ်ဦး....

ထူးခြားသည့်သွင်ပြင် လက္ခာဏနဲ့
အရမ်းကြီးခန့်တာပေမယ့်
ကြည့်ကောင်းသည်....
ခန္ဓာကိုယ် သေးသွယ်ကာ
မျက်နှာခပ်သေး‌သေးနှင့်ပင်
အသက်အရွယ် တခုရောက်နေပြီဖြစ်သော်လည်း နုပျိုနေဆဲ .....
ဒါ ကိုကိုကြီး အသက်နဲ့ ရင်းပြီးချစ်ခဲ့ရသူပေါ့

ကြာကြာမကြည့်နိုင်ပဲ မျက်နှာလွှဲလိုက်ရသည်....
စိတ်မထိန်းနိုင်ပဲ တခုခုထလုပ်မိရင်
အကြံအစည်တွေအကုန် ပျက်ကုန်မှာစိုး၍
လက်သီးကို ကြပ်ကြပ်ပါအောင် ဆုပ်ကာ
စိတ်ထိန်းလိုက်ရသည်....

"ထိုင်ပါဦး"

"ဒီက ဂျီလေး ပြောတဲ့ ဦးငယ် ဆိုတာထင်တယ် ကိုယ်က ဂျီလေးရဲ့ဖေဖေပါ"

"ဟုတ်ကဲ့ သိထားပါတယ်"

ကမ်းပေးလာတဲ့လက်ကို ယဉ်ကျေးမူအရ
ဆွဲကာ နူတ်ဆတ်လိုက်ပေမယ့်
အသွေးထဲအသားထဲက
ပွက်ပွက်ဆူလာအောင်
ဒေါသက တားမရဆီးမရ...
အရမ်းကြီး လွတ်မသွားအောင် မနဲသည်းခံနေရသည်...
စိတ်ရှိတိုင်းသာ ဆိုရင်
ကိုင်ထားတဲ့ လက်ပင်
ကြိုးကျေသွားလောက်သည်....

''ဦးငယ်''Where stories live. Discover now