ဦးငယ်

8.1K 328 96
                                    

ဦးငယ်
Ep23(THE END)

" ဂျီလေး... လက်ထပ်တော့မယ် ဆရာ..."

မျက်စိရှေ့မှောက်ကို ရောက်လာတဲ့
မဂ်လာဆောင် ဖိတ်စာလှလှလေး....
မှောင်မိုက်နေတဲ့
ကိုယ့် အနာဂတ်နဲ့ လားလားမှမဆိုင်
တောက်တောက်ပပလေး....

သူ့ဘဝလေး လွတ်လပ်ပြီး
လှပ‌လို့နေပြီပေါ့....
ဝမ်းသာရပါတယ်....အမှန်ပါ...၊

" အင်း... "

တစက်စက် တုန်ရီနေတဲ့ လက်တွေဟာ
ပေါ့ပါးလွန်းတဲ့ ဖိတ်စာလေးကို
သယ်သူဖို့ မနိုင်ခဲ့...
ဖွင့်ဖတ်ကြည့်ဖို့လဲ မရဲခဲ့ပါ ...

ပျော်ရွှင်စရာ မဂ်လာပွဲလေးရဲ့
အမှောင်ဖက်တခြမ်းမှာ ...
အိပ်မရတဲ့ညတွေ များခဲ့လို့
မျက်ဝန်းတွေ မဲနက်နေတဲ့
လူကြီးတယောက် ရှိသတဲ့ ....
သူ ချစ်ရတဲ့သူလေး စွန့်ပစ်ခဲ့တဲ့ နေ့ကစ
အစာမစားပဲ အရက်တွေချည်း
လှိမ့်သောက်နေခဲ့လို့
သူ့ ခန္တာကိုယ် သူပြန်သယ်ယူဖို့တောင်
အနိုင်နိုင်တဲ့....
ဦးငယ်ရဲ့ ရင်နာစရာ
ဘာ်သူမှ မသိတဲ့ နာကျင်ရခြင်းတွေ....
ချစ်မိပြီးမှ ဆုံးရူံးခဲ့ရတဲ့သူ
နောင်တတွေ တသီကြီးနဲ့ အားလုံးရဲ့
မုန်းခြင်းကို ခံရတဲ့ သူပေါ့....

" ဘယ်... နေ့လဲ .. ဂျေး..."

" ဒီတပတ် စနေနေ့ပါ ဆရာ..."

" ဪ သိပ်မလိုတော့ဘူး...ပဲ..."

သိပ်ချစ်ရတဲ့သူ လက်ထပ်တော့မှာမို့
ငိုရမယ့် အစား
ဦးငယ် ဟာ ထိုင်ရယ်နေခဲ့တယ်...
မျက်ရည်တွေကတော့ ပြည့်လျက်နဲ့ပေါ့

အတိတ်က အပြစ်တွေကြောင့်
ချစ်ရတဲ့သူကို အပြီးတိုင်ဆုံးရူံးရတဲ့အခါ
နာကျင်မူဟာ
ထိုင်ငိုဖို့တောင် မတတ်သာလို့
အားလုံးကို အရူံးပေးလက်မြှောက်
ထိုင်ရယ်နေမိသည် အထိ....

" ဆရာ... ကျနော် ဂျီလေးကို
သွားခေါ်ခဲ့ရမလား..."

" နေ... နေ... နေပါစေ...ကွာ...နေပါစေ...."

လိုချင်ရင် သိမ်းယူလို့ရပါလျက်နဲ့
ဘာလို့များ ကိုယ့်ဘဝကို အနစ်မွန်းခံပြီး
စွန့်လွှတ်ပေးရသလဲဆို
ဦးငယ်ဟာ 'သိပ်ချစ်လို့ ' ဆိုတဲ့
စကားတခွန်းကိုပဲ
ရယ်လျက်နဲ့ ပြောဦးမှာပဲ

''ဦးငယ်''Where stories live. Discover now