ဦးငယ်

4.1K 274 26
                                    

ဦးငယ်
Ep15

ဒဏ်ရာများနဲ့ မွှေ့လျော်တဲ့ လူ...
အချစ်မခံရလဲ
စိတ်သဘောကြီးပေးနိုင်သူ....
ပေးခဲ့ သမျှစိတ်ဒဏ်ရာ တွေကို
ချစ်တာ တစ်ခုထဲနဲ့ အကုန်
ခဝါချပေးခဲ့ဝာဲ့ သူ....
ကျနော့် လိုလူမျိုး ခင်ဗျား ရှာကြည့်ပါ....

ဖိနှိပ်ခဲ့ သမျှ ... ပစ်ပယ်ခဲ့ သမျှ
ခင်ဗျား ရက်စက်ခဲ့ သမျှကို ဒီလူက
အပြုံးတချက် မပျက်ပဲ ခံခဲ့တာ...
မျက်နှာတချက်မပျက်ပဲ သည်းခံခဲ့ရတာ

ခင်ဗျားပေးခဲ့တဲ့ အမုန်းဒဏ်‌တွေကြား
အလူးအလဲ ကျနော် ခံစားခဲ့ရတာ....

တချက်တောင် ငဲ့မကြည့်ပေးတဲ့
ခင်ဗျားရဲ့ လက်ကို မရဲတရဲ ဆွဲပြီး
မထားခဲ့ဖို့ အတန်တန်တောင်းပန်ခဲ့ရတာ....

ခင်ဗျားကို သိပ်ချစ်ခဲ့လို့ပါ...။
ခင်ဗျား ဥပက္ခာပြုတဲ့ နေ့ရက်တွေထဲ
ရှင်သန်ရတာ သိပ်ပင်ပန်းလာလို့
ကျနော် ထွက်သွားမိတဲ့ အခါမှ
နောင်တမရပါနဲ့ ....
ပြန်လာမရှာပါနဲ့....

နောင်တဆိုတာ ... နောင်မှရတာတဲ့...
အဖြစ်မှန်တွေ သိချိန်
အချိန် သိပ်နှောင်းသွားပြီ ခင်ဗျားရယ်...။

...................................။

" နေရတာ သက်သာရဲ့လား.... ဂျီလေး..."

"ဟုတ်ကဲ့ ... ဒေါက်တာ..."

ဒီဆေးရုံက ကိုယ့်ဆေးရုံမဟုတ်ပေမယ့်
ဂျီလေးကြောင့် ခနခနရောက်နေတာဆို
မမှားပါ...
စစ‌‌တွေ့ခဲ့ရတဲ့ နေ့ရက်ထဲက
သနားဂရုဏာသက်ခဲ့ရတဲ့ ကလေးမို့
မရှိတဲ့ အလုပ်ကို အကြောင်းပြပြီး
ဂျီလေးဆီသို့ နေ့စဉ်ရက်ဆက် ‌
ရောက်ဖြစ်ခဲ့သည်....

ဒေါက်တာ Yoongi ဆိုတာ
အများအမြင်မှာ အရမ်းအေးစက်ပြီး
အလုပ်ကလွဲ ဘာမှမသိသူပေမယ့်
ဂျီလေးအတွက်ကတော့
အရမ်းနွေးထွေးတတ်တဲ့ လူကြီး
တစ်ယောက်လိုပင်....၊

" ခနနေရင် ခွဲစိတ်ခန်းဝင်ရမှာ....
ဂျီလေး မိသားစုတွေရော....
တယောက်မှမတွေ့ပါလား..."

" Daddy ,က အလုပ်မှာ အရေးကြီးတဲ့
ကိစ္စရှိလို့တဲ့ ... ဖေဖေလေးက
အပြင်ခနထွက်သွားတယ် ...
ဒေါက်တာ..."

"ဪ..."

ခွဲစိတ်ရမယ့် အချိန်က 10:00 ....
အချိန်က 9:30 နေပေမယ့် သူ့ဘေးနား
ဘယ်သူမှ ရှိမနေ....
ကုတင်ပေါ်မှာ တယောက်ထဲ
ငုတ်တုတ်လေးထိုင်နေတာကြောင့်
စိတ်မကောင်း ပိုဖြစ်သွားရသည်....

''ဦးငယ်''Where stories live. Discover now