Ep2💔

6.8K 328 4
                                    


''ဦးငယ်''
Ep(2)

''ဒယ်ဒီ.... ဖေဖေလေး ....!
ဂျီ သင်တန်းသွားတော့မယ်နော်...!!!''

အိမ်ပေါ်ထပ်မှ ပြေးဆင်းလာကာ
သင်တန်းသွားတော့မယ်ဆိုသော
သားငယ်လေး​ကြောင့် လုပ်လက်စ
အလုပ်တွေကိုရပ်ကာ
အပြင်သို့ချက်ချင်းထွက်လာခဲ့လိုက်သည်...

ဧည့်ခန်းထဲရောက်တော့ သူ့ဒယ်ဒီဆီမှာ
မုန့်ဖိုးကပ်တောင်းနေသော ဂျီလေးနဲ့
ပိုက်ဆံအုပ်လိုက်ကို
သားလက်ထဲထည့်ပေးရန်ကြံနေသော
ယောကျ်ားဖြစ်သူကိုတွေ့ရတဲ့အခါ ချက်ချင်းပဲ
ချောင်းသံဟန့်လိုက်ကာ...

''အဟမ်းးးး မောင်
ဒါက ဘာလုပ်ဖို့လဲ''

မတိုးမကျယ်ပေမယ့်
ဖေဖေလေးအသံကြောင့် လန့်ကာတုန်သွားသော
ဒယ်ဒီကိုကြည့်ကာ ဂျီ ရယ်ချင်စိတ်ကို
မနည်းအောင့်အီးသည်းခံနေရသည်...
ချစ်တာတွေပါ တကယ်တော့....
ဒယ်ဒီက ဖေဖေလေးကို
သိပ်ချစ်တော့ ဖေဖေလေးစကားဆိုရင်
သူမြေဝယ်မကျနားထောင်ရသည်...

''ဟီး...မောင့်အချစ် ပါလား...
ဘာမှမလုပ်ပါဘူးကွာ....သားကမုန့်ဖိုးတောင်းနေတော့
မောင်လဲ ပေးမလို့ပါ''

''တအုပ်လုံးကိုလေ''

''မ..မဟုတ်ပါဘူး ပိုတာက
မောင့် အသဲလေးအတွက် တခုခုဝယ်ခဲ့ခိုင်းနေလို့.
ဟဲဟဲ.....''

''လျောက်ပြောမနေနဲ့ ကလေးရှေ့မှာ
ဂျီလေး..ဖေဖေလေးက ငွေသုံးကြမ်းတာ
မကြိုက်ဘူးနော်...မနေ့ကမှ မင်းဒယ်ဒီ
တသိန်းပေးထားသေးတယ် မဟုတ်လား...''

ဖေဖေလေးက လက်ပိုက်ကာ
အေးဆေးစွာပြောလာသည့်စကားကြောင့်
ဂျီဘာပြန်ဖြေရမှန်းမသိ
ဒယ်ဒီကိုကြည့်တော့လဲ သူမသိသလိုပင်

ဒယ်ဒီတို့ဖေဖေလေးကို ဘယ်တုန်းကမှ မနိုင်ခဲ့ဘူး
ခုလဲမနိုင်ဘူး

''မဟုတ်ပါဘူး ဖေဖေလေးရယ်...
ဂျီက မနေ့ကပေးတာကို
မွေးနေ့လက်ဆောင် ဝယ်လိုက်ရလို့ပါ''

ရင်ခွင်ထဲ ဝင်တိုးကာ ဂျီ ချွဲတော့
ဖေဖေလေး မျက်နှာအနည်းငယ်ပြေလျော့သွားခဲ့သည်
ဖေဖေလေးက အိမ်ရဲ့ အရေးပါအရာရောက်ဆုံး
သူအဆင်ပြေရင် တအိမ်လုံးအဆင်ပြေသည်...
သူ စိတ်တိုအဆင်မပြေရင်တော့
ဒယ်ဒီရော ဂျီပါ ပြေးစရာမြေမရှိ...

''ဦးငယ်''Where stories live. Discover now