ဦးငယ်

4.1K 269 28
                                    

ဦးငယ်
Ep14

" ချစ်တယ်" ဆိုတဲ့ စကားလုံးဟာ
သိပ်ကိုမှ အန္တာရယ်များတဲ့ စကားလုံးပါ...

နာမည်ကျော် စာရေးဆရာကြီး တစ်ဦးဟာ
အချစ်ကြောင့် ဘဝကို
စတေးခဲ့ဖူးတယ်တဲ့ ...
အလားတူစွာပဲ အရမ်းအောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး
တစ်ဦးဟာ အချစ် ကြောင့်ပဲ
ဘဝတစ်ခုလုံး ဝါးမြိုခံခဲ့ရပြီး
သူ့လက်ရှိကျန်ရှိနေသေးတဲ့
ခနတာအချိန်လေးကို လမ်းဘေးမှာ
အိမ်ခြေရာမဲ့ တစ်ယောက်အဖြစ်နဲ့
ဖြတ်သန်းနေရသတဲ့.....

ဒါ‌တွေဟာ အချစ်ကြောင့် ဖြစ်ရတာတွေ....
အချစ်ကြောင့်ပဲ
အသက်ကိုစတေးခဲ့ရတယ်....
အချစ်ကြောင့်ပဲ
ဘဝတစ်ခုလုံးပျက်ခဲ့ရတယ်....

ကို‌ယ်ချစ်ပေးခဲ့သလောက် ပြန်မရတဲ့အခါ
ရူးကြတာ မဆန်းပါဘူး....
စိတ်ထဲမှာ တယောက်ပဲသိပြီး
တစ်ယောက်ပဲရှိတဲ့ လူတွေအတွက်ကျ
အဲ့လူက ရက်စက်ရင်
ဒီဘက်မှာ အကုန် အလဲလဲ အပြိုပြိုပဲ....

တကယ်မချစ်ပဲ
ကိုယ့် ဆန္ဒတစ်ခုထဲ အတွက်နဲ့
တဖက်သူရဲ့ အချစ်ကို
လုံးဝအသုံးမချသင့်ဘူး....
မလှည့်စားသင့်ဘူး...

အချစ်ကြောင့် ဘဝတွေ စတေးရဖို့
သေကြေ ပျက်စီးရဖို့ မဖြစ်သင့်လို့ပါ....။

........................................

" ဆရာဝန်ကြီးက ဘာ‌ပြောလဲ ငယ်..."

" ဂျီလေး ခွဲစိတ်ရမယ်တဲ့ မောင်...
နှလုံးလှူမယ့် အလှူရှင်ရတာနဲ့
ခွဲစိတ်ဖို့ စီစဉ်ရတော့မယ်..."

" ကုန်ကျစရိတ်ကရော ... ငယ် "

" (...) ဝန်းကျင်လောက် ရှိမယ် ....
ဘယ်လို လုပ်ကြမလဲ ဟင်... မောင်..."

လတ်တလောအခြေအနေတွေကြောင့်
Company share တွေက တော်တော်လေး
ကျဆင်းနေသည်....
ဂျီလေး နှလုံးအတွက် ခွဲစိတ်ခကလဲ
သိန်းသောင်းချီတာမို့
ဒီလောက်များတဲ့ ငွေတွေကို ဘယ်လိုဖန်တီးယူရမလဲပင် မသိတော့ပါ...

" မောင်တို့ အိမ် ရောင်းလိုက်ကြရအောင်
ငယ်...နောက်မှ ဖြေးဖြေးချင်း
ပြန်စုတာပေါ့...သား က
ပိုအရေးကြီးတယ်လေ..."

" မောင်.... စိတ်ညစ်နေပြီလားဟင်...."

" မဟုတ်တာ ငယ်ရယ်....
သားနဲ့ ငယ် ကမောင့်ဘဝအတွက်
အရေးကြီးဆုံးပါ ...
မောင့်ကို ယုံနော် ... "

''ဦးငယ်''Where stories live. Discover now