ဦးငယ်

4.5K 266 25
                                    

ဦးငယ်
Ep21

အချစ်ဟာ ဆန်းကျယ်တယ်
ကံကြမ္မာက လျိူ့ဝှက်တယ်....
လူတိုင်းဟာ ဒါတွေကိုခံစားဖူးကြတယ်...
မဆန်းတော့ပါဘူး....
တကယ် ချစ်ကြတဲ့ သူတိုင်း
ကိုယ်ချစ်တဲ့ သူကို
ပိုင်ဆိုင်ချင်ကြတာချည်းပဲ ....
တသက်လုံး အတူရှိနေချင်တယ်
ဘဝရဲ့ ခက်ခဲမူ ပျော်ရွှင်မူ
ကံကြမ္မာရဲ့ ကြိုးဆွဲသမျှ
မျက်လှည့်ပြသမျှ... အကုန်လုံးကို
ကိုယ်ချစ်တဲ့သာ သူနဲ့ ရင်ဆိုင်ရရင်
လာစမ်းပါစေဗျာ ဘယ်လို
ကံကြမ္မာပဲလာလာ
မမူဘူး...။

.................................။

"ဂျေး...
ဂျီလေး ဘယ်မှာရှိနေလဲ အခု ..."

"Doctor Yoongi အိမ်မှာပဲ ဆရာ...
ဘာဖြစ်လို့လဲ ..."

" ငါ ဂျီလေးနဲ့ တွေ့ချင်တယ်
စီစဉ်ပေး"

" ခင်ဗျာ"

ဒဏ်ရာတွေ
အရှင်းမပျောက်သေးတဲ့ အပြင်
ဆေးသွင်းထားရဆဲ အခြေအနေမှာ
ဆေးရုံက ဆရာ့ ကို အပြင်သို့ ပေးမသွားဖို့
သေချာမှာခဲ့သည်....

ဆရာ က ဂရုမစိုက်ပဲ ဆေးရုံဝတ်စုံကို
ကောက်လဲကာ
ဆေးသွင်းပိုက်တွေဆွဲဖြုတ်ပြီး
ခပ်မြန်မြန် ပြောလာတဲ့ ခန
ဂျေး အတော်လေးပင်
အကျပ်ရိုက်သွားခဲ့သည်....

" ဆရာ... ဆေးရုံက ဆရာဝန်ကြီးတွေက
အပြင်သွားလို့ မရဘူးလို့
မှာထားတယ်လေ...ပြီးတော့ ဆရာ...
ဒဏ်ရာတွေကလဲ မပျောက်သေးဘူး"

"ငါ သိတယ်....မသိတာ မဟုတ်ဘူး
ခနလေး အပြင်ထွက်ပြီး သူ့ကို
သွားတွေ့တာ မသေသွားပါဘူးကွာ
မင်းလဲ စကားတွေ များလိုက်တာ..."

"ဟို... ဆရာ...
ကောင်လေးက ဆရာ့ကို
မတွေ့ချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ
ကျနော်တို့ ရောက်ပြီးမှ
ပြန်လှည့်လာနေရမယ်လေ "

"ဟ....! ဒီအရူးကတော့
သူကတော့ ငါတို့ကို ထွက်တွေ့မလား...
အဲ့ဒါကြောင့် မင်းကို တခုခု စီစဉ်ပေးလို့
ငါပြောနေတာပေါ့ ကွ ! "

အပြင်ကလဲ ကြားသွားမှာစိုးသဖြင့်
အသံ ခပ်အုပ်အုပ်ပြောနေရသည်...
အချိန်က ည တစ်နာရီခွဲ...
ဒီအချိန်ကြီးမှ ဆေးရုံက ခိုးထွက်ပြီး
ဂျီလေးကို သွား‌‌တွေ့မယ့် ကိစ္စက
လွယ်တော့ လွယ်ကူမနေ...
ဟိုကလဲ ကြိုဆိုမနေတာမို့
ပြသာနာ‌တွေ တတ်မှာ ပို၍
မြင်ယောင်လာခဲ့သည်....

''ဦးငယ်''Where stories live. Discover now