ဦးငယ်

4.5K 256 41
                                    

ဦးငယ်
Ep 20

"Jeon... Jungkook... Jung Jungkook
ထစမ်း... ထစမ်းးပါ... ခင်ဗျားကြီးရဲ့ ..."

သွေးအိုင်ထဲ လဲကျနေသူကို
အတင်းလူပ်နိုးပေမယ့်
သူ မလူပ်ရှားနိုင်တော့ ....
တစက်စက် တုန်ရီနေတဲ့
လက်ချောင်းတို့နှင့်သာ ဂျီလေး
ပါးပြင်ကိုထိ‌တွေ့လာခဲ့သည်....

"ကိုယ့်... ကြောင့် ပင်ပန်းခဲ့ရလို့...
တောင်းပန်...ပါ....တယ် ...ကိုယ်...
မင်း ကို ချစ်....တယ် ....."

" မသေနဲ့ ... မသေနဲ့နော် ...
သူရဲဘောကြောင်ပြီး ဒီလိုထွက်သွားမယ်မကြံနဲ့ ... ခင်ဗျား ဒီလို တစ်ကိုယ်ကောင်းဆန်ပြီးထွက်သွားလို့ မရဘူး...! "

သွေးချင်းနီနီရဲနေတဲ့ သူ့ခန္ဓာကိုယ်...
မျက်နှာတခွင်မှာလဲ ပေကျံနေတဲ့သွေးတွေ
တစ်ကိုယ်လုံး လုံးဝရစရာ မရှိတော့ ....
ဒီထပ်ပိုပြီး သွေးထွက်လွန်ရင်
အန္တာရယ်များနိုင်တာကြောင့်
အိတ်ကပ်ထဲက ပုဝါစကို ထုတ်ကာ
သွေးထွက်နေသော နေရာသို့
အုပ်ထားပေးလိုက်သည်....

" Jeon Jungkook ခင်ဗျား မသေနဲ့ဦး
ကျနော့်ကို ဒီလို ထားခဲ့ဖို့ မစဉ်းစားနဲ့
ကျနော် ခံစားခဲ့ရတာတွေရဲ့
တဝက်တောင်
ခင်ဗျား ပြန်ပြီး မပေးဆပ်ရသေးဘူး
ထစမ်းးး ထစမ်းးပါ ခင်ဗျား ထစမ်းးးပါ..!"

တချိန်က ရူးလောက်အောင် ချစ်ခဲ့ရသူ
ရူးလောက်အောင် သံယောဇဉ်ရှိခဲ့ရသူမို့
သေသေရှင်ရှင်ဆိုပြီး မပစ်ထားခဲ့နိုင်...
တချိန်က ဦးငယ် ရက်စက်ခဲ့သလို
ဂျီလေး မျက်နှာမလွှဲပစ်ခဲ့နိုင်ဘူး....
ပိုချစ်တဲ့ သူကရူံးတာပဲတဲ့....
တကယ် ရက်ရက်စက်စက်
မျက်နှာလွှဲပစ်ရမယ့် ကိစ္စတွေမှာတော့
ဂျီလေးရူံးခဲ့ပါတယ်....

" ဂျီလေး... "

"ကိုကြီး ...! "

" ဂျီလေး ရရဲ့လား ထိခိုက်မိတာရော...
ရှိလား ... အဆင်ပြေရဲ့လား..."

" သူ... သူထိခိုက်ထားတယ်..."

" အင်း ကိုယ်သိတယ် ....
ကိုယ်တို့ အိမ်ပြန်ကြမယ်နော် . ..."

Tae နဲ့ Hoseok တို့ ဖုန်းဆက်ပြီး
လှမ်းအကြောင်းကြားလာခဲ့တာကြောင့်
ချက်ချင်းပြေးလာခဲ့တဲ့ Yoongi က
ဂျီလေး‌တွေ့တွေ့ချင်းပဲ နွေးထွေးစွာ
ထွေးပွေ့ပေးထားခဲ့သည်....

''ဦးငယ်''Where stories live. Discover now