ဦးငယ်

4.5K 292 26
                                    

ဦးငယ်
Ep 18

အရင်က စက်ဘီးလေး စီးပြီး
ရောက်ဖြစ်နေကျ နေရာလေးတွေ...
သတိရလို့ ပြန်လာကြည့်မိတိုင်း
ဘာမှ မပြောင်းလဲသေးဘူး...
အငွေ့အသက်များက
အရင်တိုင်းလတ်ဆတ်နေဆဲ...
အေးချမ်းနေဆဲ ...

မရောင်းရက်သလို နေလဲမနေဖြစ်တော့တဲ့
အရင် အိမ်ဟောင်းလေးဆီသို့
ရောက်ဖြစ်တိုင်း
နှလုံးသားရဲ့ တထောင့် တနေရာက
နာကျင်နေဆဲ....

ဖေဖေလေးတို့ကို သိပ်သတိရတာပဲ...
ခုလောက်ဆို အေးချမ်းတဲ့ တနေရာမှာ
ပျော်ရွှင်နေရောပေါ့....
မလိမ္မာတဲ့ ဂျီလေးကို ပစ်ထားပြီး
နှစ်ယောက်ထဲ ပျော်ရွှင်နေလို့လဲ
တခါတလေ မနာလိုရပါတယ်...

" ဂျီလေး.... မ ဟုတ်လား..."

" ဟုတ်ကဲ့ ..."

"သားလေး မတွေ့ရတာ ဘယ်လောက်
ကြာပြီလဲ ကွယ် ကြည့်ပါဦး...
အရမ်းကြီး လှလာတာ ပဲ "

မ‌တွေ့ဖြစ်တာကြာပြီဖြစ်တဲ့
Tae Tae တို့ အိမ်ရှေ့ရောက်ဖြစ်တော့
Tae မေမေက အားရဝမ်းသာစွာ
ကြိုဆိုခဲ့သည်....

အန်တီရဲ့ ချိုမြိန်တဲ့ အပြုံးတွေက
အရင်ကအတိုင်း တစက်မှ
မပြောင်းသေးသလို
Tae နဲ့ Hoseok တို့လဲ အရင်လိုပဲ
ခုထိ မရင့်ကျက်ကြသေးဘူး...

" ငါမလှဘူးလေကွာ...! "

" မင်းလှလှ မလှလှ ငါလှတယ် ...
ငါကြိုက်တယ် ..."

" ငါမကြိုက်ဘူး ဖျက်လိုက် "

" မဖျက်ဘူးး "

ခြံထဲသို့ ဝင်လိုက်မိသည်နှင့်
ငြင်းခုန်သံတချို့ကို ကြားလိုက်ရတာမို့
ပြုံးလိုက်မိသည်....
ဒီကောင်‌တွေ ဓာတ်ပုံရိုက်ကြရင်း
ငြင်းခုန်နေကြပြန်ပြီပဲ...

" ကဲ သားလေး ဝင်သာ သွားတော့
သား သူငယ်ချင်း နှစ်ယောက်က
အရင်အတိုင်းပဲ ရန်ဖြစ်နေကြပြန်ပြီ ..."

" ဟုတ်ကဲ့ အန်တီ..."

" အန်တီ သားတို့ စားဖို့ တခုခု
ပြင်ဆင်ဦးမယ်... အကြာကြီးနေပြီးမှ
ပြန်နော် ဂျီလေး .."

အန်တီ အိမ်ထဲသို့ ဝင်သွားသည်နှင့်
ဘေးက ခဲလုံးတစ်လုံးကို
ကောက်လိုက်ကာ Tae တို့ ရှိရာနေရာသို့
ပစ်လိုက်သည်...

''ဦးငယ်''Where stories live. Discover now