ဦးငယ်

4.2K 277 24
                                    

ဦးငယ်
Ep16

ဘဝမှာအပျော်ရွှင်ရဆုံး
နေ့ရက်နှစ်ခုရှိတယ်...
ပထမ နေ့ရက်က မိဘမဲ့ ဂေဟာမှာ
တစ်ကောင်ကြွက် တစ်မျက်နှာဖြစ်နေခဲ့တဲ့
အချိန် .... အားလုံးထဲမှာ ခန္ဓာကိုယ်
အသေးဆုံးမို့ အကုန်လုံးရဲ့
ဝိုင်းပြီး စနောက် အနိုင်ကျင့် ကိုခံနေခဲ့ရတဲ့
အချိန်မှာ မွေးစားမိဘ
ပေါ်လာခဲ့တဲ့ နေ့ပေါ့....

ဖေဖေလေးနဲ့ daddy တို့ရဲ့
အချစ်တွေကြား သိပ်ကိုပျော်ခဲ့ရပါတယ်...
မိဘအရင်းက စွန့်ပစ်ရက်ပေမယ့်
မွေးစားမိဘတွေကတော့ သားအရင်းနဲ့
မခြား ချစ်ပေးခဲ့ကြတယ်....
‌နွေးထွေးတဲ့ မေတ္တာတွေကြား
ပျော်ခဲ့ရသလို သိပ်လဲ
ကျေးဇူးတင်မိတယ်...

နောက်ထပ် အပျော်ရွှင်ရဆုံးနေ့ရက်က
သိပ်ချစ်ရတဲ့ သူဆီက
ကိုယ့်ကို " ချစ်တယ်  " ဆိုတဲ့
စကား ကြားလိုက်ရတဲ့နေ့ပဲ....
အရမ်းပျော်လွန်းလို့ တစ်ညလုံးလဲ
လုံးဝ အိပ်မရခဲ့ဘူး....သူ့ အနားရောက်ရင်
ရင်တွေ ခုန်လွန်းလို့ ...
သိပ်ကို ပျော်လွန်းလို့ အရူးတပိုင်းပဲ

သိပ် သိပ်ကို ရူးခဲ့ရတဲ့ အချိန်‌တွေပါ....

ဂျီလေး ဘဝရဲ့ အပျော်ရွှင်ရဆုံး
နေ့ရက်တွေကို အချစ်ရဆုံး လူတွေကပဲ
ဖျက်ဆီးသွားခဲ့ကြတာ...

သိပ်ချစ်ရတဲ့ ချစ်သူကလဲ
ချစ်တယ် လို့ ဆိုခဲ့တာ လှည့်စားမူ
သက်သက်တဲ့....တမင်နာကျင်စေခဲ့တာတဲ့

ဘယ်တော့မှ တယောက်ထဲ မထားခဲ့ဘူး
အားမငယ်ရစေပါဘူးဆိုတဲ့
ဖေဖေလေးနဲ့ daddy တို့ကလဲ
အဝေးကြီးကို နှစ်ယောက်အတူ
ထွက်သွားခဲ့ပြီတဲ့ ....

ဒီလောကကြီးအလယ်....
မာယာတွေ ကြွယ်လွန်းလှတဲ့
လောကကြီးအလယ် ....
ဘယ်လိုများ ရှေ့ဆက် အသက်ရှင်
နေထိုင်ရမလဲ....
ငိုကြွေးရလွန်းလို့ လဲ
မျက်ရည်တွေ ခမ်းခဲ့ပြီ....
နှလုံးသားတွေလဲ နာကျင်လှပြီ....
ရင်တစ်ခုလုံးလဲ ဆုတ်ပြတ်သတ်လို့
ကြေမွနေပါပြီလေ....
ကံတရားရယ် ထပ်ပြီးမကျီစားပါနဲ့တော့
ရှေ့ဆက်ရမယ့် အနာဂတ်ခရီးလမ်းမှာ
တွဲခေါ်ပေးမယ့် သူ မရှိလို့ပါ .... 💔

...........................................။

" ကျနော့် မိ.... ဘ တွေ..."

" ကိုယ် တောင်းပန်ပါတယ် ဂျီလေးရယ် "

''ဦးငယ်''Where stories live. Discover now