60.1(U)

2.5K 136 0
                                    


"ချင်ကော" ကျန်းယွီက အံ့သြလျက် "ဘယ်ကနေရောက်လာတာလဲ???"

"မျိုးနွယ်စုထဲက အကုန်လုံးက မင်းကို
စိတ်ပူနေကြတာကို။
ငါကသူတို့ကိုယ်စား မင်းကိုလာကြည့်ရတာပေါ့"
လုချင်က ပြတင်းပေါက်ကိုကြည့်လိုက်ပြီး
"အပြင်ဘက်မှာ ရာသီဥတုလည်း
အရမ်းကောင်းတယ်။ လမ်းထွက်လျှောက်ကြမလား??"

နှစ်ယောက်သား ဆေးရုံရှေ့က ပန်းခြံထဲရှိ
ခုံတန်းပေါ်တွင်ထိုင်လိုက်ကြပြီး ကျန်းယွီက
နောက်နောက်ပေါ် မြက်ခင်းပေါ်ကစားရန်
ချပေးလိုက်ကာ လုချင်ကလည်း အန်းအန်းကို
နောက်နောက်နှင့်ကစားရန် မြက်ခင်းပေါ်
ချပေးလိုက်သည်။လုချင်က
ကလေးနှစ်ယောက်အား ကြည့်ကာ
"ကလေးတောင် ဝလာသလိုပဲ"

ပင်လယ်အောက်ခြေတွင်ရှိစဥ်က
နောက်နောက်က နေ့တိုင်းလိုလို
အော်ငိုနေခဲ့ပြီး အစားလည်းမစားတာကြောင့်
ပိန်လှီနေခဲ့ပြီး ကမ်းပေါ်ရောက်သည့်အခါ
နေ့တိုင်းနို့သောက်ရတာကြောင့်
မျက်နှာလေးက ပူတင်းသဖွယ်
ဖောင်းပြီးနူးညံ့နေခဲ့သည်။

ကျန်းယွီက ပြုံးလိုက်ကာ လင်းချန်းအကြောင်း
မေးလိုက်သည်။
"ချင်ကော ကျွန်တော် ချန်းချန်းကို ဆက်သွယ်လို့မရဘူး။
သူပင်လယ်ထဲရောက်နေတာလား???"

လုချင်:" ဟင့်အင်း!ချင်စန်း မင်းကိုခေါ်သွားကတည်းက
ငါတို့လည်းလူချင်းကွဲသွားတာ။ သူသွားပြီမဟုတ်ဘူးလား???"

ကျန်းယွီက စိတ်ပူစွာဖြင့် ခေါင်းခါလိုက်သည်။
"ဟင့်အင်း။ ကျွန်တော်နိုးလာကတည်းက
သူ့ကိုမတွေ့ဘူး။ သူ့ကိုကုယန်ဖမ်းမိသွားမှာ
ကျွန်တော်ကြောက်တယ်"

လုချင်က တွေဝေသွားပြီးနောက် အားပေးလိုက်သည်။
"အများကြီးလည်း တွေးမနေပါနဲ့။ ချန်းချန်းကို
ကုယန်ဖမ်းသွားတယ်ဆိုရင်တောင် မင်းက
ဒီမှာဘေးကင်းကင်းလေးနေရမယ်။
ကောပဲအိမ်ပြန်ပြီး သွားစုံစမ်းလိုက်မယ်"

"အိမ်ပြန်မယ်??" ကျန်းယွီက မေးလိုက်သည်။

လုချင်က သူ့သားကိုကြည့်ရင်း ပြောလာသည်။
"ကျင်းယွင်က သူ့မိသားစုရဲ့ဆက်ခံသူလေ။
အခုသူသေပြီဆိုတော့ သူ့သားဖြစ်တဲ့
အန်းအန်းက အမွေဆက်ခံရလိမ့်မယ်"

The Little Merman Book2 (mmtran)Where stories live. Discover now