EPISODE(1)

439 15 2
                                    

(Unicode)
ကျစ်ပြည်ထောင်စု။ရွှေနန်းတော်။

'ချီ ဆုံးသွားပြီ သူမရှိတော့ဘူး'

၁၇နှစ်လုံးလုံး ကျစ်ပြည်ထောင်ရဲ့ လျှို့ဝှက်အကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ အပြစ်သားချီမင်းသားဟာ နတ်ရွာစံလေပြီ။

ကျစ်ဘုရင်ကျစ်ဟာ ပလ္လင်ပေါ်မှာ စံမြန်းနေလျက်မျက်ရည်များလည်း ရီဝေနေတော့သည်။

သူ့အားအသာအယာဖက်ထားပေးရင်း ကျောပြင်လေးကိုပုတ်ပေးနေရင်း ကျစ်ဘုရင်၏ ရှင်မ မော့ပြည့်ရှင်ဟာဆိုလေသည်။

'မော့တို့လည်း ဘယ်တက်နိုင်ပါ့မလဲ'

သူမသည်လည်း မျက်နှာလေးညှိုးနွမ်းနေ၏။

ချီမင်းသားဟာ ကျစ်ဘုရင်၏အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်သလို မော့ပြည့်ရှင်နဲ့လည်းအလွန်ရင်းနှီးသူဖြစ်သည့်အတွက် သူတို့နှစ်ယောက်လုံးဟာ အင်မတန်စိတ်ထိခိုက်နေကြလေသည်။အင်အားကြီးတိုင်းပြည်နှစ်ခုရဲ့ ရှင်ဘုရင်နဲ့ ဘုရင်မဟာ ဟန်တောင်မဆောင်နိုင်တော့။

×××××

လွန်ခဲ့သော ၁၇နှစ်ခန့်က။

....ကျား....ဟ....

...လာကြပြီလား ဟားဟားဟား.....

အင်မတန်ညှို့အားပြင်းသည့် မိစ္ဆာမတစ်ယောက်၏လှောင်ရယ်သံ။

ကျစ်၊မော့၊ချီ၊လျန်၊ပါ ဟူသော အင်အားကြီး
၅နိုင်ငံ၏ ထိပ်တန်းမိစ္ဆာသုတ်သင်သူ၅ဦးဖြစ်သည့်ကျစ်ပြည်ထောင်စု၏ နန်းတက်စဘုရင်ကျစ်၊သူ၏ချစ်သူဖြစ်သည့်မော့ပြည်တော်၏ ပြည့်ရှင် မော့၊ချီစီရင်စု၏ ၁၅ယောက်မြောက်မင်းသားချီနဲ့အတူ လျန်ပြည်ရဲ့ အိမ်ရှေ့စံမင်းသမီးလျန်၊ ပါမြို့တော်၏ အရှင်ဖြစ်သည့် ပါတို့အား ထိုကဲ့သို့ လှောင်ရယ်ပြုနိုင်သည်မှာ မိစ္ဆာဘုရင်မ စန်းလအပြင် မည်သူများရှိနိုင်ပါလိမ့်မည်နည်း။

တောနက်ထဲ၌သူတို့ဟာ စန်းလ၏အသံကိုသာ ကြားရသေးသည်။

....ဝုန်း....

အဖြူရောင် နဂါးအသွင်သဏ္ဍာန်နဲ့အတူ ထွက်ပေါ်လာသော စန်းလဘုရင်မဟာ ထို၅ယောက်ရှေ့ကိုရောက်လာလေပြီ။ ပထမဆုံးအကြိမ်အသွင်မှန်ထုတ်ပြခြင်းဖြစ်သည့်အတွက်ဤပွဲဟာ လူနဲ့မိစ္ဆာကြားက မီးကုန်ယမ်းကုန်အဆုံးသတ်တိုက်ပွဲဆိုတာသေချာလေပြီ။

လုမုန် (Completed)Where stories live. Discover now