Intro (U+Z)

58.5K 1.1K 18
                                    

Hello  ကိုယ့်ကလေးတို့ ကိုယ်က သားအသစ်တွေခေါ်ပြီး ပြန်လာမယ်လို့ပြောခဲ့ပါတယ်နော်။

အဲ့တော့အခု ကိုယ့်အနေနဲ့ သားအသစ်လေးတွေ ထပ်ခေါ်လာခဲ့ပါတယ်။ ရှေ့ကသားကြီးတွေလို ရိုးရိုးအေးအေး ရှက်တတ်တဲ့သားတွေမဟုတ်ပဲ ကြမ်းကြမ်းလေးတွေကို ခေါ်လာခဲ့တယ်။ ဆိုတော့ကာ. အကြမ်းမှ ဖတ်ရတာ ကြိုက်တဲ့ ရေဗန်က တစ်ခါလောက် အကြမ်းတွေရေးကြည့်ချင်တယ်။ ဒီလိုအတွေးနဲ့ ခပ်ဆိုးဆိုးသားတစ်ယောက်နဲ့၊ ခပ်စွာစွာသားတစ်ယောက် မွေးထုတ်ခဲ့တယ်ပေါ့နော် ..။

ဒီလိုဆိုရင် ကိုယ့်ဇာတ်လမ်းလေးရဲ့ အင်ထရိုကို နည်းနည်းလေးပြောပြမယ်နော်။

နယ်စပ်မြို့ တစ်ခု၏ အချမ်းသာဆုံးနှင့် အင်အားအကြီးဆုံး သူဌေးလေး 'ဘုန်းတောက်ကုဋေခံ့'

ဖခင်ဖြစ်သူ၏ အမွေကိုထိန်းသိမ်းရင်း ကိုယ်တိုင်ကပါ အင်အားကြီးဖို့ ကြိုးစားခဲ့တဲ့ ခံ့ဟာ အချစ်မခံခဲ့ရပါဘူး..။ အဲ့တော့ ဘယ်လိုချစ်ပေးရမှန်းလဲမသိခဲ့ပါဘူး။

ခံ့မှာ အခင်ဆုံး သူငယ်ချင်း တစ်ယောက်ရှိပြီး သူ့နာမည်က 'သွင်လင်းထိုက်သျှား'

သွင်လင်းကတော့ ခံ့၏ သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး အစ်ကိုဖြစ်သူကိုစောင့်ရှောက်ရင်း စီးပွားရေးလုပ်ငန်းကိုချဲ့ထွင်နေတဲ့ လူငယ်တစ်ယောက်..။ သွင်လင်းက ခံ့ထက် ၄နှစ်ငယ်တယ်။

သွင်လင်းရဲ့ အစ်ကိုကတော့ 'ညှို့မှိုင်းသွင်' ဆက်ဆက်ထိမခံပဲ စွာတတ်လွန်းတဲ့ အလှပကေးလေး..။

ဒီလောက်ဆိုရင်တော့ အလှပကေးအစွာလေးနဲ့ အချစ်မခံရတဲ့ လူမိုက်၊လူဆိုး ကိုကိုတို့ ဘယ်လိုစခန်းသွားမလဲ ကြည့်ကြရအောင် .. ဒီတစ်ခါရော လိုက်ပါစီးမြောနိုင်မလား..?

ဇာတ်လမ်းလေးနာမည်က "ကိုယ့်ရဲ့ အထက်တန်းစား"တဲ့လေ..။

_____

ဒီလောက်ဆို ရေဗန့်ရဲ့ဇာတ်လမ်းက အသုံးနှုန်းကြမ်းပြီး ရိုင်းစိုင်းတဲ့စာသားတွေနဲ့ 18+ အခန်းတွေများစွာပါဝင်မှာပါ။

အားတိုင်းတက်လုပ်နေတာမဟုတ်ပဲ plotမလွတ်စေပဲ သွားပေးမှာမလို့ တစ်ခုခုဆို အညှီဟောက်လို့ လာမပြောဖို့ ကြိုပြောချင်ပါတယ်။ ရေဗန်က အဲ့လိုပြောရင် သိပ်မုန်းတာ 😆

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now