ဂျင်းဘောင်းဘီ အပွရှည်နှင့် အနက်ရောင် shirt ကိုယ်ကျပ်အား ဝတ်ဆင်ထားသည့် ခံ့သည် အိမ်ကြီး၏ တစ်ပတ်ကွေ့လှေကားချိုးအတိုင်း အောက်ထပ်ဆီသို့ လေတချွန်ချွန်ဖြင့် ဆင်းလာခဲ့လိုက်သည်။ ဧည့်ခန်းတွင်းမှ ဘရိုင်ယယ်သည် ဦးဘုန်းကုဋေစစ်ခိုင်းထားသည့် နယ်မြေများမှ အမြတ်ငွေများအား စစ်ဆေးနေခိုက် ခံ့၏ အသံကြောင့် ဧည့်ခန်းတွင်းမှ ခေါင်းထောင်ကာ ကြည့်လိုက်သည်။ အမောင်မင်းကြီးသား ခံ့သည် ဒိုင်ခွက်နက်ပြာရောင် Rolex နာရီအား ဝတ်ဆင်ထားကာ BLEU DE PERFUME ရေမွှေးအား မွှေးကြိုင်နေအောင်ပင် စွတ်ကာထားသည်။
" ဘယ်သွားမလို့လဲ ခံ့.."
ဧည့်ခန်းရှေ့မှ ဖြတ်သွားသောခံ့သည် ဧည့်ခန်းတွင်းသို့ နောက်ကြောင်းလှည့်ကာ ဘရိုင်ယယ်အား တစ်ချက်ကြည့်ပြီး
" Mini Mark ကိစ္စသွားစစ်ရင်း Barကိုပါ ဝင်မလို့"
ဘရိုင်ယယ်က ခေါင်းငြိမ့်ပြလိုက်သည်။
" တစ်ခုခုဆို ထိန်းနော်.."
" အင်း.."
ခံ့သည် သူ၏ အနက်ရောင် BMW လေးအား ငြိမ့်နေအောင် မောင်းကာ လီသွယ်မြို့လည်ဆီသို့ ထွက်လာခဲ့လိုက်သည်။ယနေ့အတွက် အစီစဉ်သည် လီသွယ်မြို့လည် လူနေထူထပ်သော King Boss အိမ်ရာအတွင်း၌ ဆောက်လုပ်နေသည့် Mini Mark တစ်ခုအား သွားရောက်စစ်ဆေးရုံပင်ဖြစ်သည်။ စံအိမ်သို့မပြန်သည့် တစ်ပတ်အတွင်းခံ့သည် အိမ်တွင်းအောင်းကာ ငွေကြေးစာရင်းဇယားကိုသာ ကိုင်တွယ်စစ်ဆေးခဲ့သည်။ မရောက်ဖြစ်တာကြာပြီဖြစ်သော Bar သို့ သွားရောက်စစ်ဆေးမည်။
လီသွယ်မြို့၌ ခံ့အပိုင် Bar များသည် လက်ညှိုးထိုးမလွဲပင်ရှိနေသည်။ မူးယစ်ဆေးနှင့် လောင်းကစား စုံလင်ကျက်စားရာ နယ်မြေဖြစ်၍ ဤကဲ့သို့ အပျော်အပါး ရုံဌာနများသည် ပေါများလှသည်။ ခံ့သည် လူလုံးထွက်မပြသေးသော လီသွယ်မြို့၏ အချမ်းသာဆုံးနှင့် အရှိန်ဝါအကြီးဆုံး မူးယစ်ရာဇာတစ်ယောက်ဖြစ်သည်။ ကိုယ်တိုင်သုံးစွဲခြင်းမရှိသော်ငြား ထုတ်လုပ်ရောင်းချသည်။ နယ်စပ်မြို့ဖြစ်၍ အဘက်ဘက်သော နိုင်ငံစပ်များမှ အကောင်ကြီးကြီးများနှင့် စီးပွားရေးလုပ်ကိုင်သည်။ လက်နက်ခဲယမ်းများအား တိတ်တဆိတ်ရောင်းဝယ်ဖောက်ကား တင်ပို့သည်။ ဘိန်းခင်းများနှင့် နေကြာခင်းများ အမြောက်အများပိုင်ဆိုင်ထားသည်။ ကိုယ်တိုင်ထုတ်သည့် လက်နက်စက်ရုံနှစ်ရုံအားလဲ ပိုင်ဆိုင်ထားသည်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...