" အွန့်.. အွတ် အင်း."
" အာ့ဟာ့"
တွန့်ချိုးနေသည့် မျက်ခုံးတန်းတစ်ခုသည် မည်သည်ကိုအလိုမကျ၍များလဲ..။
" အဲ့သောက်သံတွေကို ပိတ်ခိုင်းလိုက်တော့!"
စားပွဲပေါ်ရှိ ပန်းအိုးဖြင့်ပစ်ပေါက်လိုက်သောကြောင့် အရှေ့ရှိ ကောင်လေးသည် ခါးအားကျိုးကျမတတ်ပင် ကိုင်းညွတ်ကာ အခန်းတွင်းမှ အမြန်ထွက်ခွါသွားသည်။
မိမိ၏ ရှေ့ရှိ လက်ဆောင်ဗူးထဲမှာ ထိုဦးခေါင်းသည် သူ၏ စိတ်တို့အား အစွမ်းကုန်လောင်စာဖြည့်နေသည်။
" မိတ်ဆွေလုပ်ခဲ့ရင် ရနေပြီပဲကို.."
ထီတဝမ်..၊ ထီတဝမ်သည် ဖြစ်ချင်သည့်ကိစ္စ မပြီးမြောက်၍ ခွေးရူးတစ်ကောင်လိုပင် မြင်မြင်ရာ အမဲဖြတ်ချင်နေလေသည်။
ထီ သည် ဆိုဖာ၌ ခြေချိတ်ထိုင်ကာ လက်နှစ်ဖက်အား ထိပ်ဖျားလေးများထိလျှက် ခပ်တွေတွေငေးလျှက် စဉ်းစားနေသည်။
' မင်းမှာက ပစ္စည်းကောင်းတွေရှိတယ်။ ကိုယ့်မှာက အခွင့်လမ်းကောင်းတွေရှိတယ်။ ကိုယ်တို့ မိတ်ဆွေဖြစ်ရင် မင်းရော၊ ကိုယ်ရော အဆင်ပြေမယ်။ ဒါကို မင်းကခေါင်းမာခဲ့တယ် ဘုန်းတောက်ကုဋေခံ့။ ကိုယ့်စကားကိုငြင်းပယ်တယ်။
ခက်တာက ထီတဝမ်ဆိုတဲ့ကိုယ်ကလဲ ကိုယ့်ကိုယ်ငြင်းပယ်တဲ့လူတွေကို သိပ်မုန်းတာ။ ဒါ့ကြောင့် မင်းငါနဲ့ပူးပေါင်းလာမယ့်အချိန်ထိ ဆက်ပြီးရန်စနေဦးမှာပဲ။ မဖျက်စီးပစ်တာက မင်းကအသုံးဝင်နေလို့ပဲ..'
_____
" ကိုကို မှိုင်းလိုက်ချင်တယ်"
ခံ့မှာ စိတ်ပျက်၊လက်ပျက်ဖြင့် ဆိုဖာ၌ထိုင်ချလိုက်သည်။ မှိုင်းသည် ဂျစ်တစ်နေသည့် မျက်နှာထားဖြင့် ခံ့ဘေးတွင်ဝင်ထိုင်ပြန်သည်။
" ကိုကို! မှိုင်းလိုက်ချင်ပါတယ်ဆို"
" ညှို့မှိုင်းသွင် ကိုကိုက အပျော်ခရီးထွက်နေတာမဟုတ်ဘူး။ လိုက်ချင်တိုင်းလိုက်လို့မရဘူး မသိတာလဲမဟုတ်ပဲ မဆိုးနဲ့ မှိုင်း"
တွ့န်ချိုးထားသည့် မျက်ခုံးတို့အား ပြေလျှော့စေရန် စိတ်အားအတတ်နိုင်ဆုံး ထိန်းချုပ်ထားသူမှာ ခံ့ပင် ဖြစ်သည်။ စိတ်ရိုင်းကို ထိန်းချုပ်ရခြင်းလောက် လောကမှာ အခက်ခဲဆုံးအရာ မရှိဟုပင် မှတ်ချက်ချမိသည်။
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...