22_Z

2.5K 39 1
                                    

စံအိမ်ကြီး၏ ဧည့်ခန်းတွင်း၌ ငြိမ်သက်စွာထိုင်နေကြသော လူသုံးဦးနှင့် အခန်းတွင်းဂနာမငြိမ်စွာ ရှေ့လျှောက်နောက်လျှောက်ဖြင့် လေမုန်းတိုင်းထန်သော‌စိတ်နှင့် လူတစ်ဦးလဲရှိပေသည်။

" မောင်ခံ့.."

ထီရန်သည် ခံ့၏ ပုံစံအား မသက်သာစွာကြည့်ကာ ခေါ်လိုက်သည်။ ခံ့သည် ခေါင်းအားချာကနဲလှည့်ကာ ထီရန်အား စူးကာကြည့်လိုက်သည်။ ဘရိုင်ယယ်နှင့်ထီသည် မျက်နှာချင်းဆိုင်တွင်ထိုင်ကာ ထီ၏ဘေး၌ ထီရန်သည် ဝင်ထိုင်နေရာယူထားသည်။ ခံ့သည် အခန်းတွင်းလျှောက်နေရာမှ ဘရိုင်ယယ်ဘေးဆိုဖာတွင် ဝင်ထိုင်လိုက်သည်။

" ဒီကိစ္စ ကျစ်!"

ခံ့သည် ပြောရခက်စွာဖြင့် စိတ်ပျက်စွာ ကျစ်စုတ်လိုက်သည်။ တာဝန်ယူပါပြောရအောင်လဲ ကိုယ့်အစ်ကိုက မိန်းကလေးမမည်ပေ၊ တရားစွဲရအောင်လဲ ကိုယ့်အစ်ကိုကိုယ်တိုင်က လိုလိုလားလားအခန်းလော့ချပြီး ပါ့ပါ့ပါ့ခဲ့တာ..။

ခံ့သည် မျက်နှာများရဲတက်ကာ ရှက်နေရသည်။ နှမလင်နေ အစ်ကိုဖင်ကျိန်းမဟုတ်တော့ပါပဲ အစ်ကိုလင်နေ ညီ ဖင်ကျိန်းတော့ဖြစ်ရချည်ရဲ့..။ ချစ်တာ၊ ကြိုက်တာမပြောလိုပေမဲ့ မနက်ခင်းမြင်လိုက်ရတဲ့ပုံအရ ကွတ၊ ကွတနဲ့ အနေရခက်နေတဲ့ပုံနဲ့ဆိုရင် ဒါသေချာပေါက် အမျိုးဂုဏ်ဖျက်စီးလိုက်တာပဲ..!

" ညီလေး အစ်ကိုတောင်းပန်ပါတယ်"

ဘရိုင်ယယ်သည် သာမာန်နှင့်မတူသော အခေါ်ဝေါ်တို့ဖြင့် အသနားခံလေသည်။ ခံ့သည် သူ၏အစ်ကိုဖြစ်သူ ဘရိုင်ယယ်အား တစ်ချက်ကြည့်ကာ မျက်ဝန်းတို့၏ ဒေါသရိပ်မှာ ပြေလျော့လာရသည်။

ခံသည် မနက်ခင်း၏ ကျက်သရေမရှိ ယုတ်ညံ့လှသော ခွေးတစ်ကောင်နှင့် အစ်ကိုဖြစ်သူ၏ ဇာတ်လမ်းအား ပြန်လည်ကာတွေးကြည့် မြင်ယောင်မိလေသည်။

မနက်ခင်း ၁၀နာရီဖြစ်သည်။ ပုံမှန်ဆိုလျှင် ဘရိုင်ယယ်သည် မနက် ၈နာရီလောက်ကတည်းကပင် မနက်စာစားတတ်သော်ငြား ယနေ့တွင်မူ ၁၀နာရီထိုးထိတိုင်အောင် အပေါ်ထပ်မှ ဆင်းမလာခဲ့ပေ။ ခံ့သည် အစ်ကိုဖြစ်သူ နေမကောင်းနေသလားဟုထင်ကာ မနှိုးခဲ့ပေ။ သို့သော်ငြား မနက် ၁၀နာရီထိတိုင်အောင် မအိပ်တတ်သူ အစ်ကိုအတွက် သူသည် စိုးရိမ်ပူပန်စပြုလာသည်။ ထို့ကြောင့် နစ်နာမှုအား လျော်ကြေးပေးမည့် ထီရန်နှင့်ဖုန်းပြောအပြီးအပေါ်သို့ တက်လာခဲ့လိုက်သည်။

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now