8_U

16.8K 625 51
                                    

" ဘုန်းတောက်ကုဋေခံ့!"

ဒယ်ဒီ့၏ အသံစူးစူးက နားထဲသို့ မြင်ပြင်းကပ်စွာတိုးဝင်လာသည်။ ဘေးရှိ ဘရိုင်ယယ်သည်ပင် တုန်တက်သွားသည်ဟုထင်ရသည်။

" ဘရိုင်ယယ် မင်းရှိရက်နဲ့ မတားဘူးလား"

ဘရိုင်က ခပ်အေးအေးဖြင့်သာ

" ခံ့က မငယ်တော့ဘူးလေ အန်ကယ်"

" ကျစ်! မင်းတို့ကလေးတွေကလေ"

ဦးဘုန်းကုဋေမှာတော့ စိတ်ပျက်အားလျှော့နေသည်။ ကောင်လေးတစ်ယောက်ကို ခိုးပြေးတယ်။ လက်ထပ်ယူမယ်။ ဘယ်သူ ဘယ်ဝါမှန်းမသိရ။ သားတစ်ယောက်မွေးရတာ နွားတစ်ထောင်ထိန်းရတာထက် ဆိုးတယ်ဆိုတာ အခုမှပင် သူနားလည်လိုက်ရသည်။

" ဘုန်းကုဋေ မင်းမလဲ ပူစရာမရှိ ရှာကြံပူရတယ်လို့၊ မင်းသားကိုကြည့်စမ်း သူ့မှာတော့ အေးဆေးနေတာပဲ မဟုတ်လား မင်းကြည့်စမ်း"

အမှန်တကယ်ပင် ခံ့ကတော့ အေးအေးလူလူရှိလှသည်။ ဆိုဖာထက် ခြေချိတ်ထိုင်ကာ မထီမဲ့မြင်အနေထားဖြင့် ကားသော့အား မွေ့ယမ်းကာဆော့နေသည်။

" ဒီကောင်ကွာ လုပ်ရင်သေတော့မှာ!"

" မင်္ဂလာပွဲက ဘယ်တော့လဲ"

ဦးဘုန်းကုဋေနှင့်မတူ ဦးဘုန်းဋီကာက ခပ်အေးအေးပင်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ဘရိုင်ယယ်နှင့် ခံ့က ဘေးချင်းကပ်ထိုင်နေသည်။

" နောက်ငါးရက်"

" ဘယ်မှာလုပ်မှာလဲ"

" စံအိမ်မှာပဲ"

" ကောင်လေးကရော"

" စံအိမ်မှာ"

အမေးနှင့်အဖြေသည် အံကိုက်ကာတစ်ခုစီသာ။

" မင်းလုပ်ခဲ့တာတွေက ငါတို့မျိုးရိုးစည်းကမ်းအရ ပြင်ဆင်လို့မရနိုင်တာ သိတယ်မလား"

" ကျုပ်သိတယ်"

" အေး မင်းအနေနဲ့ လူပျိုဘဝကလို အကျင့်စရိုက်တွေကို လာမချိုးနဲ့ မင်္ဂလာပွဲနေ့ကျ လာခဲ့မယ် ကောင်လေးကရော မျိုးရိုးကောင်းလား"

" ကောင်းတယ် ဘကြီး၊ ညီလေးက လူကောင်းသူကောင်းလေး ခံ့နဲ့တောင် မတန်သလိုပဲ"

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now