6_U

17.8K 614 20
                                    

ခံ့ မှိုင်းအား ပွေ့ချီကာ ဟော်တယ် ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ပွေ့ချီထားသည့်အတွက် လက်မှာလဲ လွတ်လပ်စွာပင် မအားပါချေ။ ခံ့ မှိုင်းနိုးမည်စိုး၍ တံခါးကိုပင် အသာယာဖွင့်ဝင်ခဲ့သည်။ မှိုင်းအား မွေ့ယာထက်၌ အသာချလိုက်သည်။ အိပ်ပျော်နေသည့် ထိုကောင်လေးသည် ဘာကိုမှ မသိပါပဲ ငြိမ်းချမ်းစွာပင် အိပ်မောကျနေလေသည်။

ခံ့ ထိုကောင်လေးအား အချိန်တော်ကြာ စိုက်ကြည့်နေမိသည်။ အခန်းတွင်း လေထုက သိသာစွာအေးစက်လျှက် တိတ်ဆိတ်နေသည်။ ခံ့၏ အသက်ရှူသံ ခပ်ပြင်းပြင်းက အတိုင်းသားပေါ်ထွက်နေသည်။ ခံ့ မှိုင်း၏ မျက်နှာနားသို့ ခါးကိုင်းကာ တိုးကပ်လိုက်သည်။

" ညှို့မှိုင်းသွင်.. နာမည်လေးနဲ့လိုက်တယ်။ ညှို့အားပြင်းပြီး မင်းအလှမှိုင်းထဲ လူကိုပိတ်မိစေတယ်။ ဟက်.! အခုတော့ ကိုယ်ပိုင်ပြီ"

ခံ့က နှုတ်ခမ်းစွန်းများ ကော့တက်အောင်ပင် ပြုံးလိုက်သည်။ သူ၏ အနက်ရောင် တီရှပ်အား ချွတ်ပစ်လိုက်သည်။ တောင့်တင်းသည့် ရင်အုပ်သည် ခန့်ညားစွာပေါ်လာသည်။ Six pack ရာ ခပ်မျှင်းမျှင်းက ကြည့်ရကောင်းနေပြီး အသားရည်သည်ပင် ဝင်းမွတ်နေသည်။ ဝမ်းဗိုက်အောက် ဆီးခုံနေရာ၌ အနက်ရောင် အမွှေးမျှင်များက စနစ်ကျစွာ စီရီပေါက်နေပြီး ကြည့်ရမဆိုးစေပဲ တစ်မျိုးလေးအမြင်တင့်သည်။ ခါးထက်ရှိ LV ခါးပတ်သည် pants အနက်အား ‌အထောက်ကူပြုနေသည်။

ခံ့ အင်္ကျီအား ကုတင်ခြေရင်းသို့ ပစ်တင်လိုက်သည်။ ခန္ဓာကိုယ်အား မတ်ကာ အကြောချဉ်တို့အား ဖြေလျှော့လိုက်သည်။ အိပ်ပျော်နေသည့် ကောင်လေးအား တစ်ချက်ကြည့်ကာ သူရေချိုးခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။ ယနေ့မှပင် သူထိတွေ့နေရသည့် ရေများက အေးစက်မနေပဲ သူ့အား စိတ်ကျေနပ်မှုအပြည့်ပေးနေသည်။

စိတ်ကြည်လင်‌ေနသည့်အလျှောက် ခပ်အေးအေးရေစက်တို့အား သူ၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့စေသည်။ ဆံနွယ်စဖျားမှစ၍ ခြေချောင်းလေးတွေထိ ခပ်အေးအေးရေစက်တို့က ကူးလူးဖြတ်ပြေးနေသည်။ ခံ့ ရေချိုးပြီးသည်နှင့် တဘတ်အားခါး၌ ပတ်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ ကုတင်ထက်က ကောင်လေးကတော့ အိပ်ကောင်းနေဆဲပင်။ ခံ့ ရေစက်လက်ဆံပင်တို့အား မသုတ်ပါပဲ ဖုန်းအားယူလိုက်သည်။ ဘယ်သူများ စာပို့ထားမလဲဟုဆိုကာပင်.။

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now