" မင်း ထတော့!"
ဘရိုင်ယယ်၏ မျက်ဝန်းများသည် အားအင်ပြတ်လပ်နေ၍ နွမ်းလျဟန်ထင်ကျန်နေသည်။ ထီ သည် အားဖြည့်သစ်သီးဓာတ်ဆားဗူးအား မော့ကာသောက်နေသည်။
" ရေ . ရေဆာတယ်"
ဘရိုင်ယယ်၏ စကားကြောင့် ထီသည် စားပွဲဆီသို့ ဝေ့ဝဲကာ ရေဘူးအားရှာသည်။ ရှုပ်ပွနေသည့် မုန့်ခွံများနှင့် ရေဘူးခွံအလွတ်များသာ တွေ့ရသဖြင့် သူ၏လက်ထဲမှ ဓာတ်ဆားဗူးအား ပြန်ကြည့်လိုက်သည်။
" ရေမရှိဘူး။ ဒါပဲရှိတယ် သောက်မှာလား.."
ဓာတ်ဆားဗူးသည် ထီ နှုတ်ခမ်းဖြင့် ထိကပ်ရုံမျှသာ သောက်ထားခြင်းဖြစ်သည်။
" ရတယ် အဲ့တာပဲသောက်မယ်"
ပြင်းထန်းလှသော ဆေးတစ်မျိုးသည် ဘရိုင်ယယ်၏ ခန္ဓာကိုယ်တွင်း ပျံ့နှံ့ဝင်ရောက်နေသဖြင့် သူ၏ ခွန်အားတို့သည် မူလကဲ့သို့ စိတ်ပါ၊လက်ပါ ထုတ်သုံး၍မရနိုင်ပေ။ ထို့ကြောင့် ဆိုဖာထက်၌ ထထိုင်ဖို့အရေးပင် ဒုက္ခိတ တစ်ဦးလိုပင် အမှီလက်တန်းတို့အား အားပြုကာထထိုင်လိုက်ရသည်။
ထီတဝမ် ကမ်းပေးလာသည့် ဓာတ်ဆားဗူးအား အငမ်းမရစွာမော့သောက်လိုက်သည်။ နှုတ်ခမ်းဘေးမှ စီးကျလာသည့် ပန်းရောင်အရည်ကြည်များသည် ထိုလူ၏ လည်တိုင်ထက်၌ အရောင်လက်လက်ကလေးဖြင့် စီးကျနေသည်။ ဤသည်မှာ အတော်လေးပင်လှပသည့် မြင်ကွင်းဟု ထီမှတ်ချက်ပေးလိုက်သည်။
" ထတော့ ပြန်မအိပ်နဲ့"
ဆိုဖာထက် ပြန်လှဲဟန်ပြင်နေသည့် ဘရိုင်ယယ်ကြောင့် ထီက တားလိုက်သည်။ ဘရိုင်ယယ်က စိတ်မရှည်သည့်ပုံစံဖြင့် ထီ အားစိုက်ကြည့်နေသည်။ ထီ သည် တိုင်ကပ်နာရီအဝိုင်းလေးအား မေးဆက်ပြလိုက်သည်။ မနက် ၄ နာရီ..။
" ထတော့"
ဂျိုင်းမှ ကိုင်ကာဆွဲမြောက်ခြင်းခံလိုက်ရသည့် ဘရိုင်ယယ်သည် ရုတ်တရက်ဖြစ်သောကြောင့် ထီ၏ ရင်ခွင်ထဲသို့ ယိုင်ကျသွားရသည်။
" အရမ်းပဲ ရင်ခွင်ထဲ ဝင်ချင်နေတာလား"
မချိုမချဉ် မျက်နှာထားဖြင့် ပြီတီတီပြောလာသည့် လူကြောင့် ဘရိုင်ယယ်မှာ ဒေါသတို့လိပ်တက်လာရသည်။ ဒီလိုစောက်ရူးကများ..!
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...