4_U

18.1K 620 9
                                    

" ဒေါက်"

စားပွဲပေါ်သို့ ကားသော့အားပစ်ချကာ ဆိုဖာတွင်ဝင်ထိုင်လိုက်သည့် သားဖြစ်သူအား ဦးဘုန်းကုဋေ သတင်းစာဖတ်ရင်းမှ ခပ်စူးစူးကြည့်လိုက်သည်။

" ဘုန်းတောက်ကုဋေခံ့ လွှတ်ထားပေးလို့ ရောင့်တက်နေသလား ဟေ့ကောင်"

ကျစ်.. စလာပါပြီ မာန်ဖီတဲ့လေသံတွေနဲ့၊ စိတ်ပျက်စရာ အာဏာတွေ..။ ခံ့က သူများကိုသာ ဆရာလုပ်ချင်တာ သူ့ကို ဆရာလုပ်ရင် သိပ်မုန်းတာ။

" ဒယ်ဒီက ကျုပ်ဘာလုပ်တာမြင်နေလို့ ဒီလိုတွေပြောနေရတာလဲ"

" အေး မင်းဘာမှ မလုပ်လို့ပြောတာ။ မင်းကိုအရင်တစ်ခေါက်ကတည်းက ပြထားတဲ့မြေနေရာကို မင်းဘာလို့ဝယ်မထားတာလဲ"

" ဘယ်မြေ?"

ခံ့က စားပွဲပေါ်ရှိ ရေအေးအေးလေးအား သောက်ကာ မျက်ခွံလှန်ရင်း မေးသည်။ ဘယ်မြေကွက်လဲ သူမသိပါလား..။

" မြောက်ဘက်နယ်မြေကဟာ ဟေ့၊ မင်းကသာမသိတာ မင်းအ‌ကောင်က ဝယ်တောင်ပြီးနေပြီ"

" ဪ.. သွင်လင်းလား သူကြိုက်တာပဲဝယ်ပါစေ။ ကျုပ်မှာ အဲ့မြေမဟုတ်တောင် တစ်ခြားမြေတွေအများကြီးရှိနေတာပဲ"

" ဟ မင်းကအမြင်ကျဉ်းလှချည်လား"

" ဟမ့် ဦးဘုန်းကုဋေနဲ့ ဦးဘုန်းဋီကာ ထက်တော့သာခဲ့သေးတယ်မလား"

ခံ့က ခပ်ထေ့ထေ့ဆိုသည်။ ဦးဘုန်းကုဋေမှာတော့ လက်ထဲရှိ သတင်းစာအားဆုပ်ချေကာ မျက်နှာကြီးကနီရဲလာသည်။ တကယ့် Devil ပဲ။

" မင်း အလိုလိုက်လို့ အမိုက်စော်ကားလှချည်လား"

" ဟက် ဒယ်ဒီ ကျုပ်လုပ်ရမှာတွေ ကျုပ်သိတယ် ပြီးတော့ ကျုပ်လုပ်နေတာတွေလဲ ကျုပ်သိတယ် အရင်လိုအမိန့်တွေပေးပြီး ဝင်ပါမနေပဲ အေးဆေးလေး ဘေးကပ်နေပေးပါလား"

" မင်း!"

ဦးဘုန်းကုဋေသည် ထိုင်နေရာမှ ဆက်ကနဲထကာ ခံ့အား ဆွဲထိုးရန်ပြင်လိုက်သည်။

" ထားလိုက်စမ်းပါ သူတအားသိ၊ တအားတတ်နေတာပဲ"

အပေါ်ထပ်မှ ဦးဘုန်းဋီကာသည် လှေကားတစ်လျှောက် ခပ်အေးအေးဆင်းလာကာ ဦးဘုန်းကုဋေအား လွှတ်ထားလိုက်ဟူသော အကြည့်ဖြင့်ကြည့်သည်။ ဦးဘုန်းကုဋေသည် သူ၏ဒေါသအားလျှော့ချကာ နေရာတွင် ပြန်ထိုင်သည်။

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now