11_U

15.1K 555 7
                                    

ခံ့သည် စီးကရက်တစ်လိပ်အား မီးညှိကာရှိုက်ဖွာနေသည်။ ပြတင်းပေါက်နား၌ မတ်တပ်ရပ်ကာ အဖြူရောင် တိမ်တိုက်တိမ်ဆိုင်တို့အား စီးကရက်တစ်လိပ်ခဲလို့ အကြောင်းမဲ့ကာ ငေးမောနေသည်။

ဘရိုင်ယယ်သည် အခန်းတွင်းရှိ ဆိုဇာ၌ထိုင်ကာ ခံ့အား စူးစမ်းသလိုကြည့်နေသည်။ ဘရိုင်ယယ်က ပြုံးလိုက်သည်။ ခံ့သည် တည်ငြိမ်ဟန်ဆောင်နေသည်။ အနည်းငယ်တုန်ရီနေသည့် သူ၏လက်ဖျားများအား ဟန်ဆောင်ထိန်းကာ စီးကရက်ကို အမြဲမပြတ် ရှိုက်ဖွာနေသည်။

" ခံ့ လာထိုင်လေကွာ"

ဘရိုင်ယယ်သည် အနောက်တိုင်း suit အနက်အား ဟန်ပါ,ပါ ဝတ်ဆင်ထားသည်။ ဘယ်ဘက်ဘေးခွဲ ဆံပင်အား ပုံသွင်းကာ သပ်တင်ထားသည်။ အနက်ရောင် ဝတ်စုံအပြည့်ဖြင့် ဘရိုင်ယယ်သည် ခန့်ညားလှသည်။ ရှူးအနက်သည် သစ်လွင်တောက်ပြောင်နေသည်။ ဘရိုင်ယယ်က ခါးမတ်မတ်ဖြင့် ဆိုဖာ၌ထိုင်နေသည်။ ခံ့သည် စီးကရက်အား မီးသိတ်ကာ ပြာခွက်ထဲသို့ ထိုးချေပစ်လိုက်ပြီး ဘရိုင်ယယ်ဘေးတွင် ဝင်ထိုင်လိုက်သည်။

ဘရိုင်ယယ်သည် ခံ့၏ ပခုံးအား လက်ဖြင့် အသာဆုပ်ကိုင်လိုက်သည်။ ခံ့က ဘရိုင်ယယ်အား လှည့်ကြည့်လိုက်သည်။ ဘရိုင်ယယ်က ခပ်အေးအေးပြုံးပြရင်း..

" စိတ်လှုပ်ရှားနေတာလား"

" အဟမ်း! မင်းထင်လို့ပါ"

ဘရိုင်ယယ်၏ အမေးကို ခံ့က မုသားဆိုလိုက်သည်။ သူစိတ်လှုပ်ရှားနေသည်လား၊ ပျော်နေသည်လား မသိပေ။ ခံ့သည် သူ၏ ခံစားချက်များအား မဝေခွဲနိုင်ပေ။ ရင်တွင်းမှ တလှပ်လှပ်ခံစားနေရသည်ကို သူလျစ်လျှူရှူ့ထားရင်း ‌စီးကရက်ကိုသာ ငုံခဲနေသည်။ မှိုင်းသည် စီးကရက်အနံ့အား မခံနိုင်သည်ဟု ပြောပြီးသည်မှစ၍ စံအိမ်တွင် သူစီးကရက်မသောက်ဖြစ်တော့ပေ။

ယနေ့မှသာလျှင် သူပြန်ပြီး သောက်မိနေခြင်း။ ဘရိုင်ယယ်သည် သူ့အား အနားလည်ဆုံးပင်ဖြစ်သည်။ သို့သော်ငြား ဒဲ့တိုးဆန်လှသည်။

" တွေ့ချင်နေပြီလား."

" မ.မတွေ့ချင်ပါဘူး ပြီးလဲ မမြင်ချင်ရင်တောင် မြင်ရတော့မဲ့ဟာကို."

ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်းWhere stories live. Discover now