သွင်လင်းသည် အပေါ်ထပ်ရှိ အခန်းတွင်းမှ ဆူပူနေသောအသံများကြောင့် မနေသာတော့ပေ။ ကိုကိုနှင့် ခံ့သည် တစ်စုံတစ်ခုအား အငြင်းပွားနေကြသည်။ ကိုကို့၏ အခြေနေကြောင့် ခံ့အားသတိပေးရန် ကြိုးစားသော်ငြား ခံ့သည် သူ၏ ခေါ်သံကိုပင် ဂရုမပြု၊ လှည့်ပင် မကြည့်ပါပဲ အိပ်ပေါ်ထပ်ရှိ အိပ်ခန်းဆီသို့သာ ပြေးတက်သွားလေသည်။
အသံများသည် တိုးတစ်ချက်၊ ကျယ်တစ်ချက်ဖြစ်ကာ သေချာမကြားရပေ။ စိတ်ပူစွာဖြင့် အပေါ်ထပ်သို့တက်ခဲ့ရာ လှေကားထိပ်၌ပင် ခံ့သည် အခန်းပြင်သို့ ထွက်လာသည်။ ခံ့၏ ပုံစံသည် ဒေါသရေလှိုင်းတို့ မြင့်တက်လာကာ သူတို့အားမြင်ပုံမရ။ သွင်လင်းသည် ခံ့နောက်လိုက်ချင်သော်ငြား အခန်းတွင်း ကျန်ခဲ့သည့် အစ်ကိုဖြစ်သူကြောင့် အခန်းဆီသို့သာပြေးသွားလိုက်သည်။
အခန်းတွင်းသို့ ဝင်လျှင်ပင် ကုတင်ဘေး၌ ကွေးကွေးလေးလဲကျနေသည့် ကိုကို့အားတွေ့လိုက်ရသည်။ သွင်လင်း ကိုကို့နားသို့ အပြေးသွားကာ ကိုကို့၏ ကိုယ်လေးအား ပွေ့ကိုင်လိုက်သည်။
" ကိုကို! ကိုကို!"
ခေါ်နေသောငြား ဖြေသံမလာ။
" ဆရာဝန်! ဆရာဝန် အမြန်ခေါ်"
သွင်လင်းသည် မှူးအား အော်ပြောလိုက်သည်။ မှူးသည် Family Doctor အား ဖုန်းဆက်ကာခေါ်လိုက်သည်။
" မှူး မွေ့ယာပြင်လိုက်"
မှူးသည် အနည်းငယ် အနားတွန့်နေသည် မွေ့ယာစအား သေချာစွာဖြန့်ခင်းလိုက်သည်။ သွင်လင်းသည် ကိုကို့အားပွေ့ချီကာ မွေ့ယာထက်သို့ အသာချပေးလိုက်သည်။ ခဏအကြာတွင် ဆရာဝန်ရောက်လာကာ ကိုကို့အား စမ်းသပ်လေသည်။
" လူနာက အားမရှိဘူး"
" ဟုတ်တယ် ဆရာ ထမင်းမစားတာ နှစ်ပတ်နီးပါးပဲ အစာဆိုတာ မနည်းဝင်အောင်ကျွေးရတာ"
" အင်း.. ကျွန်တော် drip ချိတ်ပေးခဲ့ပါ့မယ်။ အားဆေးလဲ ပေးခဲ့မယ်။ လူနာနိုးလာရင် အားတော့နည်းနည်းပြည့်နေလိမ့်မယ်။ ပိုပြီး အားရှိအောင် ကြက်ပြုတ်လေးတွေ၊ အဟာရ အရည်လေးတွေနဲ့ အသီးရွက် အသားငါးကို ညီမျှအောင် ကျွေးပေးပါ"
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...