သွင်လင်း အခန်းတံခါးအား အသာတွန်းဖွင့်လိုက်သည်။ ဆန်ပြုတ်နှင့် နွားနို့ခွက်အား ဗန်းထဲသို့ထည့်ကာ ကိုင်ထားရခြင်းကြောင့် လက်ကတော့ အားလပ်မနေပေ။
သွင်လင်း ဝင်လာသည့်တိုင် မသိအောင်ကိုပင် ကိုကိုက အတွေးနယ်ချဲ့နစ်မြောနေပုံရသည်။
" ကိုကို.. "
သွင်လင်းက ကိုကို့၏ လက်ကလေးအား အသာကိုင်ကာ ခေါ်လိုက်မှ အသိဝင်သွားသည့်ဟန်ဖြင့် သူ့အား အို့တို့အမ်းတမ်းကြည့်လာသည်။
" ဪ ညီ"
" အင်း ကိုကို မနက်စာစားလို့ရပြီ။ ညီပြင်လာတယ် "
" အင်း ကိုယ်စားမယ်နော် "
မှိုင်း ၏ စိတ်ထဲ အမှန်တကယ်ပင် ဘာမှစားချင်စိတ်မရှိသော်ငြား ညီစိတ်မကောင်းဖြစ်မည်စိုးကာ သူစားလိုက်သည်။ ဆန်ပြုတ်အရသာ လေးလေးပင်ပင်က လျှာဖျားထက် စွဲကျန်ရစ်သည်။ မစားချင်လိုက်တာ..။
ကြိတ်မှိတ်စားနေသည့် ကိုကို့ ကိုကြည့်ရင်း ဇိမ် စိတ်မကောင်းပေ..။
" ကိုကို အဆင်မပြေရင် ဆက်မစားနဲ့တော့လေ "
" ရတယ် ကိုယ်စားလို့ အဆင်ပြေသေးတယ် "
ကြိတ်မှိတ်ကာ သည်းခံမျိုချနေသည့် မှိုင်း မှာ မည်သို့မျှပင် မတတ်နိုင်တော့ပေ။ ချွဲပစ်ပစ် အရသာကြီးအား ရွံမုန်းစွာဖြင့် အော့အန်မိမတတ်ပင်..။
" အော့.."
ရုတ်တရက်ပင် မျက်စိ မျက်နှာပျက်ကာ အန်ထွက်တော့မည့် ကိုကို့ကြောင့် သွင်လင်း ဆန်ပြုတ်ပန်းကန်အား လှမ်းယူကာ သိမ်းလိုက်သည်။
" ကိုကို မစားနဲ့တော့နော်၊ ဆေးလေးတော့သောက် ပြီးရင်ခဏနားလိုက်နော် နွားနို့လေးလဲ ဝင်ဆံ့ရင် သောက်နော် .."
သွင်လင်းက မှိုင်း ၏ခန္ဓာကိုယ်လေးအား အသာထိန်းကာ ဆေးအားပေးလိုက်သည်။ နွားနို့ဖြင့် သောက်စေကာ အသာထိန်းလို့ လှဲစေလိုက်သည်။ ဆောင်အား ရင်ဘတ်ထိလုံအောင် ဆွဲတင်ပေးကာ..
" ကိုကို တစ်ခုခုခိုင်းချင်ရင် သက်မှူး ရှိတယ်။ ညီ က ဘားကို သွားရဦးမှာ ကိုကို တစ်ယောက်တည်းနေခဲ့ဖို့ အဆင်ပြေရဲ့လား.."
YOU ARE READING
ကိုယ့်ရဲ့ အထက်တန်းစား|| မှိုင်း
Fantasyအောက်ပါ fiction သည် 18+ အမျိုးစားဖြစ်သည့်အတွက် အသက်ပြည့်ပြီးသူများသာ ဖတ်ရန် သတိပေးအပ်ပါသည်။ 18+အမျိုးစား ဖြစ်သည့်အပြင်၊ စကားလုံးရိုင်းများ ပါဝင်သည့်အတွက်ကြောင့် သဘောကျမှသာ ဖတ်ရန် ပြောကြားလိုပါသည်။ စကားကြမ်းများ၊ အပြောဆိုရိုင်းများ မကြိုက်လျှင် မဖတ်ရ...